Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တစ်လကို ပျမ်းမျှ အကြိမ် ၃၀ လောက် အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်

၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အကြမ်းဖက်စစ်တပ်က တစ်လကို  လေကြောင်းတိုက်ခိုက် မှု ပျမ်းမျှ အကြိမ် (၃၀)လောက် ပြုလုပ်ခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြော ပါတယ်။


အောက်တိုဘာ (၁၂)ရက်နေ့၊ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထ ကော်မတီ၊ Assistance in Mine Action ဆွေးနွေးမှု အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အဲဒီလို ထည့်သွင်းပြောခဲ့ပါတယ်။


အောက်တိုဘာ (၉)ရက်နေ့ ညကလည်း စစ်တပ်ဟာ ကချင်ပြည်နယ်၊ လိုင်ဇာရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို ဝေဟင်ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၃)ဦး အပါအဝင် အရပ်သား (၃၀) အသက်ဆုံးရှံးခဲ့ကာ  ထိခိုက်ဒဏ်ရာရရှိသူလည်း အလွန်များပြားကြောင်းလည်း ဆိုပါတယ်။


တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်စစ်တပ်ဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် တန်ဖိုးရှိ လက်နက်နဲ့  ဆက်စပ်ပစ္စည်းတွေကို တင်သွင်းဝယ်ယူခဲ့ကြောင်း၊ ပြည်သူတွေအနေနဲ့ စစ်လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်း၊ နည်းပညာတွေကို မြန်မာ စစ်တပ်သို့ ပံ့ပိုးခြင်းမပြုဖို့  ကြိမ်ဖန်များစွာ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေပေမဲ့  မြန်မာစစ်တပ်က လက်နက်ပစ္စည်းတွေ ဆက်လက် လက်ခံရရှိနေပြီး ပြည်သူတွေအပေါ် ရက်စက်မှုတွေ ပြုလုပ်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောပါတယ်။


မြန်မာနိုင်ငံရဲ့ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေဖို့နဲ့  ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေချဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်လောင်းပြောကြားလိုကြောင်းလည်း သံအမတ် ကြီးက ဆိုပါတယ်။


လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီသို့ တင်ပြခဲ့တဲ့အတိုင်း စစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခြင်း၊ မြေပြင် စစ်ဆင်ရေးပြုလုပ်စဉ်မှာ  လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့  အရပ်သား ပြည်သူတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အလွန်အကျူး မီးရှို့ဖျက်ဆီးခြင်းတို့ ကျူးလွန်နေကြောင်းလည်း ဆိုပါတယ်။


~~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။