Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ထန်တလန်မြို့တွင်းတိုက်ပွဲမှာ ချင်းတော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာ (၁၂)ရက်နေ့၊ မနက်ပိုင်းက ထန်တလန်မြို့တွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ CNA ရဲဘော် ဆလိုင်းဟရမ်ကျဲအို နဲ့ CDF-Hualngoram ရဲဘော် ဆလိုင်းခွာန်ကျဲအိုထန်း တို့ ကျဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာ ချင်းဂျာနယ်က ဖော်ပြပါတယ်။


ထန်တလန်မြို့မှာ  အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးအင်အားစု  CNA ၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲ ဖြစ်ပွားနေပါတယ်။


အောက်တိုဘာ (၁၀)ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ (၈)ကြိမ် ပစ်ခတ်ခဲ့ကြောင်း ချင်းဂျာနယ်က ဆိုပါတယ်။


အောက်တိုဘာ (၁၁)ရက်နေ့က ထန်တလန်မြို့ နဲ့  (၅)မိုင်လောက် အကွာမှာရှိတဲ့ ခွါဖိုရွာထဲသို့ စစ်တပ်က ပစ်ခတ်တဲ့  လက်နက်ကြီးကျည် (၄)လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံတွေ စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။


~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။