ပဲခူးတိုင်း၊ သဲကုန်းမြို့လယ်ခေါင်မှာ ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်းကို PDF တွေက ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်အုပ်စုဝင်တွေက ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
အောက်တိုဘာ (၁၂)ရက်၊ မနက် (၆)နာရီခွဲလောက်က ပြည်ခိုင်ဖြိုးပါတီအမတ် ဟောင်း၊ ပျူစောထီးခေါင်းဆောင်လို့ဆိုသူ စိုးအောင်ကို သဲကုန်းမြို့လယ်ခေါင် ဈေးနားမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ ၊ တပ်စု ၃ (Wisdomအဖွဲ့)က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ (၃)ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။
“ပွဲချင်းပြီး သေတာ။ ပစ်ပြီးတော့ PDF တွေက အေးဆေးလစ်သွားပြီ။ ပစ်ပြီးတာနဲ့ ဘယ်လိုဆုတ်မလဲဆိုတာ သူတို့စီစဉ်ပြီးသားလို့ ထင်တယ်။ ဘာမှ ပြာယာခတ် နေတာမျိုးမရှိဘူး။ ပစ်ပြီး လို့မကြာဘူး။ စစ်တပ်တွေဘာတွေ ရောက်လာပြီး ဈေးနားကို ရေလည်စစ်တယ်။ ပြီးတော့ ထုံးစံအတိုင်း မြို့အဝင်အထွက်တွေရော။ ပြီးတော့ မြို့ထဲမှာ သူတို့လူတွေ ဖြန့်ပြီး လိုက်စုံစမ်းတယ်။ ညက မြို့ထဲကင်းလှည့် တာမျိုးရှိတယ်။ ဧည့်စာရင်းစစ်တယ်လို့တော့ မကြားမိသေးဘူး” လို့ သဲကုန်းမြို့ခံ တစ်ဦးက ပြောပါတယ်။
စိုးအောင်ဟာ သဲကုန်းမြို့နယ်မှာ ၂၀၁၀ မှာ ပြည်ထောင်စုလွှတ်တော်အမတ်ဖြစ် ခဲ့ပြီး ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက် ပွဲမှာတော့ NLD ကို ရှုံးနိမ့်ခဲ့တာပါ။
“NLD တို့ ဒီမိုကရေစီတို့ ဆိုတဲ့အသံမျိုးကို လုံးဝမကြားချင်ဘူးဆိုတဲ့အစားထဲမှာ စိုးအောင်က ထိပ်ဆုံးကပါတယ်။ အာဏာသိမ်းပြီးတော့ စစ်တပ်ကို လက်သီးလက်မောင်းတန်း ထောက်ခံပြီး ကူနေတာ” လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုအပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ ကြောင်း Bago Region PDF က ဆိုပါတယ်။
စိုးအောင်ဟာ စစ်အုပ်စုရဲ့ အမာခံအကြီးစား ထောက်တိုင်တစ်ဦး ဖြစ်ရုံမက ပျူစောထီး ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ကြောင်း သူဟာ ပျူစောထီး ဖွဲစည်းခြင်း၊ စစ်သင်တန်းပေးခြင်းတို့အတွက် လူအင်အား ရှာဖွေ စုဆောင်း စည်းရုံးသိမ်းသွင်းခြင်းကို ဦးဆောင် လုပ်ဆောင်နေသူဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။