Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြောင်ခံတွင်းပျက် မင်းအောင်လှိုင်နဲ့ ခွက်စောင်းခုတ် စိုးဝင်း (OPINION)

မအောင်မြင်တဲ့ အာဏာသိမ်းကာလ ပထမနှစ် ၂၀၂၁ခုနှစ်မှာ အကြမ်းဖက်စစ်အုပ်စုဟာ သံတမန်ရေး နယ်ပယ်မှာ အလဲလဲအကွဲကွဲနဲ့ ဟထိုးလဲခဲ့ပေမဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိစွာနဲ့ ဖြတ်သန်းနိုင်ခဲ့ကာ တော်လှန်ရေးအင်အားစုတွေကို မှုလောက်စရာမရှိဘူးလို့ အပေါ်စီးကနေ ကြည့်ခဲ့တယ်။

 

ဒါပေမဲ့၊ ၂၀၂၁ ခုနှစ် အကုန်ပိုင်းကစလို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကနေ ဖောက်ခွဲရေးသင် တန်းတက်ပြီး ပြန်လာတဲ့ မြို့ပြလူငယ်တွေက ရန်ကုန်အပါအဝင် မြို့ကြီးအချို့ကို ဗုံးတွေ မိုင်းတွေနဲ့ ဝုန်းဒိုင်း ကြဲလိုက်တဲ့အခါမှာတော့ စစ်အုပ်စုဟာ အငိုက်မိ ငုတ်တုတ်ထိုင်ကြည့်ရုံသာ တတ်နိုင်ခဲ့တယ်။

 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလယ်မှာ အကြမ်းဖက်စစ်တပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့ကို ဝင်ရောက်စီးနင်းခဲ့တာကစလို့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် ကေအဲန်ယူဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ အင်အားစုတစ်ရပ်အနေနဲ့ စစ်အုပ်စုကို အတိအလင်းစိန်ခေါ်ခဲ့တယ်။

 

စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ရွာတွေကို မီးလောင်တိုက်သွင်းကာ ဒေသတွင်း PDFတပ်ဖွဲ့တွေရဲ့ အရင်းအမြစ် တွေကို ချေမွခဲ့တယ်

 

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ အရက်စက်ဆုံး ထိုးနှက်မှုတွေကို ရင်ဆိုင်ရင်း ကိုယ့်အထိုင်ကိုယ်မြဲမြံစွာ ခြေကုပ်အား ကောင်းခဲ့ကြတယ်။စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ရွာတွေကို မီးလောင်တိုက်သွင်းကာ ဒေသတွင်း PDFတပ်ဖွဲ့တွေရဲ့ အရင်းအမြစ် တွေကို ချေမွခဲ့တယ်။ ဒါပေမဲ့၊ PDFတပ်ဖွဲ့တွေကို ချေမှုန်းနိုင်ခြင်းမရှိရုံမက PDFတွေရဲ့ အင်အားကလည်း ဆက် တိုက်တိုးလာခဲ့တယ်။

 

စစ်အုပ်စုက ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ PDF တွေလုံးဝနာလန်မထူအောင် ချေ မှုန်းပစ်မယ်လို့ စိတ်ကူးယဉ်ခဲ့ပုံရတယ်။ မြန်မာ့သမိုင်းမှာ ဖက်ဆစ်လို့ဆိုတဲ့ ဂျပန်တွေတောင် စိတ်မကူးဝံ့ခဲ့တဲ့ ရွာထဲဝင် လုယက်၊ မီးရှို့ တွေ့တဲ့ပြည်သူကိုသတ်ရုံတင်မက မသေသေးဘဲ မီးထဲပစ်ထည့်။အဲဒီလို ကြောက်မက်ဖွယ် ရက်စက်မှုတွေနဲ့ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူတွေ ဒူးမထောက်ခဲ့သလို PDF တွေ ကလည်း နောက်တစ်လှမ်း မဆုတ်သွားဘဲ ပြောက်ကျားတိုက်ခိုက်နေတာဟာ စစ်တပ်ကို အထိနာစေခဲ့ပါတယ်။ စစ်အုပ်စုဟာ ပြည်သူကို ရန်သူအဖြစ် စစ်ကြေညာခဲ့သလို အကြမ်းဖက်စစ်သားတွေကလည်း ပြည်သူကိုမြင်တာနဲ့ ထိတ်လန့်ကြောက်ရွံ့နေရပါတော့တယ်။

 

၂၀၂၂ ခုနှစ်မှာ အဲဒီလို အပြင်းထန်ဆုံး စစ်ဆင်ရေးတွေရဲ့ကြား PDF တွေရဲ့ အင်အား တိုးပွားလာတာဟာ စစ်အုပ်စုကို ယုံကြည်မှု ကျဆင်းစေသလို ၂၀၂၃ ခုနှစ်အတွင်း ပရော်ဖယ်ရှင်နယ်တပ်မတော်တစ်ရပ်အသွင်နဲ့ ခုခံတော်လှန်တိုက်ပွဲတွေ အကောင်းဆုံး ဆင်နွှဲခဲ့တဲ့ ကရင်နီတော်လှန်ရေးအင်အားစုကြောင့် စစ်တပ်ဟာ မျက်ဖြူဆိုက်ရပါတယ်။

 

တိုက်လေယာဉ်နဲ့ လက်နက်ကြီး ပွဲတိုင်းကျော်သုံးနေတာတောင် စစ်သားတွေ သွေးသံတရဲရဲ ဆိုတာချည်း။ အခုစက်တင်ဘာ တစ်လလုံးဖြစ်ပွားခဲ့တဲ့ TNLA နဲ့ တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က အနိုင်ရလဒ်ဆိုပြီး လက်ဆုပ်လက်ကိုင် ပြစရာ မရှိခဲ့ပါဘူး။

 

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသမှာ စစ်သားတွေကြိုက်သလောက်သေဆိုပြီး ပုံအောတိုက်ခဲ့သလို လက်နက်ကြီးရော လေကြောင်းပစ်ကူတွေနဲ့ပါ တိုက်စစ်ဖွင့်ခဲ့ပေမဲ့ ကျောက်သားလိုမာကျောတဲ့ ကရင်နီတော် လှန်ရေးအင်အားစုတွေကို အနိုင်မတိုက်နိုင်ခဲ့ခြင်းဟာ စစ်သားတွေ စိတ်ဓာတ်ကျရပြီး တော်လှန်ရေးရဲဘော်တွေ စိတ်ခွန်အား မြင့်စေခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း ကရင်ကိုကြည့်မလား၊ ကချင်ကိုကြည့်မလား၊ ချင်းကိုကြည့်မလား။ တိုက်လေယာဉ်နဲ့ လက်နက်ကြီး ပွဲတိုင်းကျော်သုံးနေတာတောင် စစ်သားတွေ သွေးသံတရဲရဲ ဆိုတာချည်း။ အခုစက်တင်ဘာ တစ်လလုံးဖြစ်ပွားခဲ့တဲ့ TNLA နဲ့ တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က အနိုင်ရလဒ်ဆိုပြီး လက်ဆုပ်လက်ကိုင် ပြစရာ မရှိခဲ့ပါဘူး။ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ခြေတစ်လှမ်း နောက်ဆုတ်သွားတဲ့ အဆင့်တောင် တိုက်ခိုက်နိုင်စွမ်းမရှိတာ ဒီနှစ်ထဲမှာ သိသာထင်ရှားလာပါတယ်။

 

စစ်ရေးအရာမှာ အဲဒီလိုပြာနေတဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရာမှာလည်း ခေါင်းဖော်စရာတစ်ကွက်မရှိပါဘူး။ အရေးပေါ်ကာလကိုသာ သက်တမ်းတိုးနေရပြီး အတုအယောင်ရွေးကောက်ပွဲကိုတောင် ရက်ချိန်းမပေး နိုင်သေးတာဟာ စစ်အုပ်စုကိုရော သူတို့ကို ထောက်ခံသူတွေကြားမှာပါ စစ်အုပ်စုမှာ အနာဂတ်ရှိသေးရဲ့လားဆိုတဲ့မေးခွန်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေပါတယ်။

 

ပြောရရင် စိုးဝင်း ကိုင်တွယ်နေတဲ့ စစ်ရေးစစ်ရာကလည်း အလဲလဲအပြိုပြို။ မင်းအောင်လှိုင်ကိုင်တွယ်နေတဲ့ နိုင်ငံရေးကလည်း အသဲအသန်လူနာဆောင်ကနေ မထွက်နိုင်။ စစ်အုပ်စုစီးပွားရေးကလည်း ဘက်ပေါင်း စုံယိုယွင်းနေမှုနဲ့အတူ နေ့စဉ် ပြည်သူသတ်နေရတဲ့ စစ်လက်နက်နဲ့ အထွေထွေကုန်ကျစရိတ်ကလည်း နင့်နေ တာကြောင့် ပြိုင်းကိုင်းနေရတဲ့ဘဝ။

 

နောက်ဆုံးအဆင့် မိုးမြင့်ထွန်းကို ဘယ်လိုမှ ထိန်းမရတော့ဘူးဆိုရင် မင်းအောင်လှိုင်အနေနဲ့ မျက်နှာအပျက်မခံဘဲ အလွယ်တကူ ချောင်ထိုးလိုက်ဖို့ ဘာမှမခက်ပါဘူး။

 

အကြမ်းဖက်စစ်အုပ်စုဟာ ဘက်ပေါင်းစုံ အကျပ်ဆိုက်နေပြီး အရေးပေါ်ခန်းထဲမှာ ပက်လက်ဖြစ်နေ တာတောင် မင်းအောင်လှိုင်ဂိုဏ်းသား မိုးမြင့်ထွန်း တစ်ဦးတည်းရဲ့ အဂတိလိုက်စားမှုက ၂ နှစ်တာအတွင်း ဒေါ်လာသန်းပေါင်းများစွာရှိကြောင်း မီဒီယာပလက်ဖောင်းပေါ် တက်လာတော့ စစ်အုပ်စုဝင်တွေရဲ့ကြား အသည်းပေါက်သူ မနည်းဘူးလို့ ထင်ရပါတယ်။

 

မင်းအောင်လှိုင်ရဲ့ အနီးကပ်တပည့် မိုးမြင့်ထွန်းရဲ့ တနင့်တပိုးလာဘ်စားမှုကို မင်းအောင်လှိုင်မသိစရာ အကြောင်းမရှိသလို မင်းအောင်လှိုင်လည်း အဂတိခွဲတမ်းမရစရာအကြောင်းမရှိပါဘူး။ ပြီးတော့ သူခန့်ထားတဲ့ တပည့်ကိုသူကိုယ်တိုင် ပြန်ဖော်ထုတ်ပြီး အပြစ်ပေးမှာလည်း မဟုတ်ပါဘူး။ နောက်ဆုံးအဆင့် မိုးမြင့်ထွန်းကို ဘယ်လိုမှ ထိန်းမရတော့ဘူးဆိုရင် မင်းအောင်လှိုင်အနေနဲ့ မျက်နှာအပျက်မခံဘဲ အလွယ်တကူ ချောင်ထိုးလိုက်ဖို့ ဘာမှမခက်ပါဘူး။

 

အခုတော့ လူသိရှင်ကြား မင်းအောင်လှိုင်ဂိုဏ်းသား မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ရဲ့ အပုပ်နံ့တစီစီ ထွက်ပေါ်လာပါတော့တယ်။ အဲဒီအပုပ်နံ့ကို ဘယ်သူတွေက ဖော်ထုတ်ခဲ့ပါသလဲ။ မင်းအောင်လှိုင်နဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့ အင်အားရှိပြီး စစ်တပ်အာဏာကို ချုပ်ကိုင်ထားသူ စိုးဝင်းနဲ့ သူ့ဂိုဏ်းကသာ ဖော်ထုတ်လိုက်တယ် လို့ထင် ရပါတယ်။ ဘာ့ကြောင့်ဖော်ထုတ်လိုက်သလဲဆိုတော့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ၊ မအောင်မြင်တဲ့ စစ်ရေးနဲ့ နိုင်ငံရေး အလဲအကွဲတွေကြောင့် တစ်ဖက်နဲ့တစ်ဖက် ကျောချင်းကပ်ရပ်ရာကနေ ယုံကြည်မှု ကျဆင်းလာကာ လက်ညှိုးထိုးခြင်းအဆင့်သို့ ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။

 

စိုးဝင်းရဲ့ လာရာလမ်းမှာ လာဘ်စားစရာ ကြီးကြီးမားမား ဂွင်အကြီးစားတွေ ရှိမ နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်

 

မင်းအောင်လှိုင်နဲ့ စိုးဝင်း ဘယ်လိုစီးဆင်းလာခဲ့သလဲဆိုတာ ကြည့်လိုက်ရင် မင်းအောင်လှိုင်ဟာ အဂတိလိုက်စားရာမှာ သူမတူအောင် နာမည်ကြီးခဲ့ပြီး စိုးဝင်းကတော့ မင်းအောင်လှိုင်လောက် ကျော်ဇောစာရင်းဝင် မဟုတ်ပါဘူး။ (စိုးဝင်းရဲ့ လာရာလမ်းမှာ လာဘ်စားစရာ ကြီးကြီးမားမား ဂွင်အကြီးစားတွေ ရှိမ နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

 

ဘယ်လိုပဲဖြစ်ဖြစ် စိုးဝင်းဟာ စစ်တပ်ကို ကိုင်တွယ်ရသူဖြစ်တာကြောင့် ဒီနေ့စစ်သားတွေ မြို့ပေါ် ရော တောဘက်တွေမှာပါ အငတ်ငတ်အပြတ်ပြတ်နဲ့ သောက်သောက်လဲ အသေခံနေရတာကို ကောင်းကောင်းသိပါတယ်။ အဲဒီလို စစ်သားတွေ အသေခံတိုက်နေတဲ့အချိန်မှာ မင်းအောင်လှိုင်ဂိုဏ်းသားတွေက တော့ တိုင်းပြည်စီးပွား ပျက်ချင်လည်း ကြိုက်သလောက်ပျက် ငါတို့ကတော့ လာဘ်စားမှာပဲဆိုတာမျိုး။ အမေရိကန် ဒေါ်လာ ၄၀၀၀ တန် ကော့ညက်အရက်နဲ့ ဒေါ်လာပုံပေါ်ဖင်ခုထိုင်ပြီး ဇိမ်ခံနေတာ အသည်းနာတာထက်တောင် ပိုနာသင့်ပါတယ်။

 

စိုးဝင်းတို့တစ်သိုက် အသည်းနာတယ်ဆိုတာ ကိုယ်တိုင် လာဘ်မစားရလို့ မနာလိုစိတ်ကြီးစွာနဲ့ ဆတ်ဆတ်ခါခြင်းဖြစ်နိုင်သလို တကယ့်မိုးထဲလေထဲ ရောက်နေချိန်မှာတောင် စစ်အုပ်စုအသက်ဆက်ရေးကို မကြည့်ဘဲ ကိုယ်ကျိုးရှာနေတာကြောင့် အသည်းနာခြင်းလည်း ဖြစ်နိုင်ပါတယ်။

 

စိုးဝင်းတို့လိုပဲ စိုးဝင်းဂိုဏ်းသားလည်း မဟုတ်၊မင်းအောင်လှိုင်ဂိုဏ်သားလည်းမဟုတ် တဲ့ စစ်အုပ်စု အတွင်း အသည်းနာနေသူတွေလည်း များစွာရှိပါတယ်။ သူတို့ကတော့ နေရာတစ်နေရာလည်းမရ၊ လာဘ်စား ခွင့်လည်းမရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ခွေးသွားစိတ်တွေပဲ ဖြစ်ပါတယ်။

 

သူတို့ဟာ စစ်အုပ်စု သက်ဆိုးရှည်လိမ့်မယ်လို့ မယုံကြည်သလို စစ်အုပ်စု ပြိုတဲ့အခါ သူတို့ပါ ဒုက္ခရောက်မယ်လို့လည်း ယုံကြည်နေကြသူတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့၊ ဒီယန္တယားကြီးကနေလည်း မစွန့်ခွာရဲကြသူမို့ ပစ္စပ္ပုန်ရော အနာဂတ်ပါ ပျောက်ဆုံးနေကြသူတွေ ဖြစ်ပါတယ်။

 

အဲဒါကတော့ သူဘဝပျက်ရင် ငါလည်းဘဝပျက်မှာပဲဆိုတဲ့ စစ်အုပ်စုရဲ့ ဘုံအကျိုးစီးပွားပဲဖြစ်ပါတယ်။ မင်းအောင်လှိုင်ရော စိုးဝင်းပါ သူတို့ကိုယ်သူတို့ ရာဇဝတ်သားတွေမှန်း ညအိပ်ရာဝင်တိုင်း သိကြပါတယ်။

 

စစ်အုပ်စုအတွင်း အက်ကြောင်းတွေ ဖြစ်နေတာ သေချာနေပေမဲ့ အဲဒီအက်ကြောင်းကနေ လုံးဝကွဲ ကျသွားတာမျိုး မဖြစ်အောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းရှိနေတာလည်း မမေ့ကြဖို့ လိုပါတယ်။ အဲဒါကတော့ သူဘဝပျက်ရင် ငါလည်းဘဝပျက်မှာပဲဆိုတဲ့ စစ်အုပ်စုရဲ့ ဘုံအကျိုးစီးပွားပဲဖြစ်ပါတယ်။ မင်းအောင်လှိုင်ရော စိုးဝင်းပါ သူတို့ကိုယ်သူတို့ ရာဇဝတ်သားတွေမှန်း ညအိပ်ရာဝင်တိုင်း သိကြပါတယ်။

 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။