Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေစကြိုမြို့အထွက်မှာ အကြမ်းဖက်စစ်တပ် မိုင်းဆွဲခံရပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲခဲ့ရာ ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့ ကြောင်း သိရပါတယ်။


အောက်တိုဘာ ၁၀ ရက်၊ မနက် ၇ နာရီခွဲလောက်က ရေစကြိုမြို့မရဲစခန်းကနေ ခြေလျင်ထွက်လာတဲ့ စစ်သား အင်အား ၃၀ လောက်ကို ရေစကြိုမြို့ထိပ်က ခွာနီးစိုက်ပျိုးရေးခြံနားမှာ ၁၂ လုံးတွဲမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုပကဖ ကသတင်းထုတ်ပြန်ပါတယ်။


“ရေစကြိုမြို့ထဲမှာလည်း စစ်သားအင်အားများတယ်။ မြို့အထွက်မှာလည်း တပ်ရင်းတွေရှိတယ်။ ဒါ ပေမဲ့၊ ရေစကြိုမြို့ပေါ်တပ်ဆိုတာ PDF လုပ်သမျှ ခံနေရတာချည်းပဲ။ မြို့ပေါ်က သူတို့စခန်းချတဲ့နေရာကနေ နည်းနည်းခွာမိတာနဲ့ အလုပ်ခံရတော့တာ။ ကြာလာတော့ ရေစကြိုမြို့ဟာ စစ်သားသင်္ချိုင်းလို့တောင် ပြောရမလိုဖြစ်နေပြီ”လို့ ရေစကြိုမြို့ခံတစ်ဦးက ပြောပါတယ်။


ဒဏ်ရာရစစ်သားတွေကို ပြည်သူတွေရဲ့ကား တားကာ ရေစကြိုမြို့တွင်းသို့ ပြန်ခေါ်သွားကြောင်း ရေစကြိုပကဖက ဆိုပါတယ်။


“ဒဏ်ရာရတဲ့ကောင်တွေကို ရေစကြိုဆေးရုံပို့တာ။ တော်ရုံဒဏ်ရာဆိုရင် သူတို့စခန်းချတဲ့ ရုံးပေါင်းစုံ တို့မှာပဲ ထားပြီး ဆရာဝန်တွေ ဘာတွေခေါ်ကုတာ။ အခြေအနေမဟန်မှ ဆေးရုံပို့တာ။ ဘာလို့လဲဆိုတော့ သူတို့ခံရတာ ပြည်သူသိမှာစိုးလို့။ အခုလည်း ဆေးရုံရောက်လာတဲ့အထဲက ၂ ကောင် အခြေအနေမဟန်ဘူး ကြားတယ်”လို့ ရေစကြိုမြို့ခံက ဆိုပါတယ်။


လက်ရှိရေစကြိုမြို့ပေါ်မှာ စစ်သားအင်အားများပြားနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်အခြေစိုက်ရာ နေရာတွေနဲ့ ဝေးဝေးနေပေးကြဖို့ ရေစကြိုပကဖက မေတ္တာရပ်ခံထားပါတယ်။


အောက်တိုဘာ ၇ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်က စစ်တပ်အခြေစိုက်ရာ ရုံးပေါင်းစုံကို ၄၀(မမ)လက် နက်ကြီးနဲ့ Myingyan Black Tiger က အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

~~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။