Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တနင်္သာရီ ခမရ-၅၅၈ တပ်ရင်းထဲ ဒရုန်းနဲ့ ဗုံးကြဲ၊ ပစ်မှတ်တည့်တည့် ကျရောက်ပေါက်ကွဲ

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက်၊ ခမရ-၅၅၈ တပ်ရင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပစ်မှတ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း People Defense Organization –Tanintharyi Division က သတင်းထုတ်ပြန်ပါတယ်။ 


အောက်တိုဘာ ၁၀ ရက်၊ မနက် ၁၁ နာရီမှာ တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီခွဲမှာ တစ်ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်တည့်တည့် ကျရောက်ခဲ့တာ သေချာပေမဲ့ ခမရ-၅၅၈ တပ်ရင်းအတွင်း သေဆုံး၊ ထိခိုက်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲလို့ သိရပါတယ်။


“စခ တွေ ဒရုန်းလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ တပ်ရင်းထဲဆိုတော့ အသေအပျောက် လိုက်ရတာ ချက်ချင်းမရသေးလို့။ သေချာထိတာတော့ အမှန်အကန်ပဲ။ စခတွေ ပြန်ပြီး ရမ်းပစ်တာကလွဲလို့ ဘာမှ မတတ်နိုင်ဘူး”လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။


အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းပစ်ပေမဲ့ PDF ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၁)၊တနင်္သာရီတိုင်းစစ်ဌာန၊ လေ့ကျင့်ရေးနှင့်နည်းပညာဌာနရဲ့ မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့(Dragon Squad)၊ မြိတ်ခရိုင် PDFတပ်ရင်း(၂) တပ်ခွဲ(၂)နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ 

~~~~~~~~~~~ 

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။