စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဌက်ပျောတိုင်းရွာ လျှပ်စစ်ဓာတ်အားပေးရုံ အခြေစိုက် အကြမ်းဖက် စစ်တပ်ကို PDF တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးထိခိုက်များပြားပြီး ဆုတ်ခွာပြေးခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလ (၉)ရက်နေ့၊ မနက် (၅)နာရီလောက်မှာ ကန့်ဘလူခရိုင် PDF တပ်ရင်း တွေက အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ အထိုင်ချခါစ ငှက်ပျောတိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားပေးရုံကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် မနက် (၇)နာရီ (၄၇)မိနစ်မှာ Mi-35 နဲ့ (၄၅)မိနစ်လောက်ကြာ လေကြောင်းပစ်ကူခဲ့သလို မနက် (၁၀)နာရီကျော်မှာလည်း နာရီဝက်ကျော်ကြာ လေကြောင်းပစ်ကူခဲ့ကြောင်း သိရပါတယ်။
“လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပထမဆုံးဝင်တိုက်တော့ ဘာမှမကြာလိုက်ဘူး။ ခဏပဲ သိမ်းလိုက်ရတယ်။ ခွေးတွေ သေတာလည်းအများကြီး၊ သူတို့အခြေအနေမဟန်တော့ ဒုတိယအထိုင်ချတဲ့ခွေးကုန်း(ဒေသအခေါ်)ကိုပြေးကြတာ ”လို့ တော်လှန်ရေးရဲဘော်တဦးက ပြောကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
စစ်တပ်ဘက်က လေကြောင်းပစ်ကူပေမယ့် PDF တွေက ပြန်မဆုတ်ကြဘဲ ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်တပ်ဘက်က အကျအဆုံးများတာကြောင့် ယမနေဘက်ကနေ အင်အား (၁၀၀)လောက် မြေပြင်စစ်ကူပို့ခဲ့တဲ့အပြင်၊ မွန်းလွဲ (၁၂)နာရီ ခွဲလောက်မှာ Mi-35 နဲ့ နောက်တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ မွန်းလွဲ (၁)နာရီခွဲလောက်မှာ PDF တပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
အဲဒီတိုက်ပွဲဟာ ၈ နာရီခွဲကျော်ကြာခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးရုံအထိ တက်သိမ်းနိုင်ခဲ့ပေမဲ့ လေကြောင်းကနေ ၃ကြိမ် ပစ်ကူခဲ့တဲ့အပြင် မြေပြင်စစ်ကူတွေ ရောက်ရှိလာခြင်းကြောင့် PDF တပ်တွေ ပြန်လည်ဆုတ်ခွါခဲ့ခြင်းဖြစ်ကာ PDFရဲဘော်တချို့ ဒဏ်ရာရခဲ့ကြောင်းလည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Infinity Group က နှစ်ဖက်ပစ်ခတ်နေစဉ် PDF ရဲဘော်တစ်ဦး ကျဆုံးပြီး ရဲဘော်တချို့ ဒဏ်ရာရရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။