Spring Pyin Oo Lwin Investment က ဖေါ်ထုတ်ထားတဲ့ Federal Springs (ဖက်ဒရယ်စမ်းရေ) မြေကွက်တွေကိုရောင်းချတဲ့ ပထမရက်မှာ အမေရိကန်ဒေါ်လာ ၂ဒဿမ၃ သန်း ရရှိခဲ့ကြောင်း The End of Dictatorship က ထုတ်ပြန်ပါတယ်။
အဲဒီမြေကွက်တွေကို အောက်တိုဘာ (၇)ရက်၊ ညဦးပိုင်းက စတင်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူဖို့ ကြိုတင်စာရင်းသွင်းထားတဲ့ ပမာဏ အမေရိကန်ဒေါ်လာ ၁ဒဿမ၄ သန်း ကျော်ရှိခဲ့ပါတယ်။
ဖယ်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်းအဖြစ် တပ်မတော်နည်းပညာတက္ကသိုလ်အနီး မြေဧက (၃၀၀) လောက်ကို စီးပွားရေးလုပ်ငန်းသုံးနဲ့ အိမ်ရာမြေတွေ ဖော်ထုတ်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄၆)သန်းနီးပါး တန်ဖိုးရှိတဲ့ မြေကွက်တွေရောင်းချနေခြင်း ဖြစ်ပါတယ်။
စီးပွါးရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ x ပေ ၂၀၀ အကွက်တွေကို မန္တလေး-လားရှိုး လမ်းမကြီးဘက်ခြမ်းမှာ ဖော်ဆောင်သွားမှာဖြစ်ပြီး စီမံကိန်းအတွင်းဘက်မှာ ပေ ၄၀ x ပေ ၈၀ အကွက်၊ ပေ ၈၀ x ပေ ၈၀ အကွက်နဲ့ ၁ ဧက အကွက်တွေကို လူနေအိမ်ရာမြေကွက်တွေ အဖြစ် ဖော်ထုတ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ဒီမြေကွက်တွေဟာ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးလှတဲ့ တော်လှန်ရေး ရန်ပုံငွေရရှိဖို့ အများပြည်သူသို့ ရောင်းချပေးခြင်း ဖြစ်ပါတယ်။
ဝယ်ယူသူတွေဟာ မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေးရဲ့ သုံးပုံတစ်ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်းနဲ့ တော်လှန်ရေး ကာလအပြီး ဆိုပြီး ပိုင်းခြားပေးသွင်းရမှာ ဖြစ်ပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။