Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဂန့်ဂေါမြို့နယ် တောင်ခရန်း ရဲကင်းစခန်းကို ABSDF နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်၊ အကြမ်းဖက် စစ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ရဲ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို  ABSDF နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်မှာ ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့ပါတယ်။

 

ဆာလင်းကြီးမြို့နယ်ကနေ ထွက်ခွါလာတဲ့ ယာဉ် ၁၈ စီး ပါ စစ်ကောင်စီ ယာဉ်တန်းမှာ လုံခြုံရေးယူဖို့ လိုက်ပါလာတဲ့ အကြမ်းဖက် စစ်သားတွေကို ABSDF အမှတ်(၁၄) တပ်ရင်း၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ ၊ ဗမာ့ လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF)နဲ့ ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းကာ စပါးစေ့ကျေးရွာ အရှေ့ဘက်မှာ စောင့်ကြို တိုက်ခိုက်ခဲ့ကြတာလို့ ABSDF Column 3 က သတင်း ထုတ်ပြန်ထားပါတယ်။

 

ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ စစ်သား ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအပြီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ စပါးစေ့ကျေးရွာ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တောင်ခင်ရန်း နယ်မြေရဲကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

"တောင်ခင်ရန်း ရဲစခန်းထဲမှာ ကတုတ်ကျင်းတူးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတွေကို သွားရောက် ပစ်ခတ်ခဲ့တာပါ၊ ရဲ တစ်ယောက်သေတယ်" လို့ ABSDF Column-3 သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

 

သေဆုံးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲကို ကတုတ်ကျင်း တူးနေတဲ့ နေရာကနေ တောင်ခရန်းရဲစခန်းကို ပြန်လည် သယ်ယူသွားတယ်လို့ သိရပါတယ်။

 

ဒီပစ်ခတ် တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် PDF တပ်ရင်း၊ ပ.က.ဖ တွေနဲ့ ABSDF အဖွဲ့တို့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~~ 

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။