Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရှင်ကွဲမှာ သေစာရင်းနဲ့ (Essay)

သူ့ကို တောတွင်းလွတ်မြောက်နယ်မြေတစ်ခုမှာပဲ ရှိနေသေးတယ်လို့ ထင်ထားမိတာ။ ဒါပေမဲ့ တစ်ရက်သား မက် ဆင်ဂျာကနေ ဖုန်းဆက်စကားပြောလာတော့မှ အနောက်နိုင်ငံတစ်ခုကို ရောက်နေမှန်းသိရတယ်။ ရောက်နေတာ သုံးလကျော်ရှိပြီတဲ့။ သူစိမ်းနယ်ဆိုတော့ အလုပ်အကိုင်ရှိပေမဲ့ အပေါင်းအသင်းမရှိ၊ သူ့အရပ်သူ့ဇာတ်မို့ ရတဲ့ဝင်ငွေ ကလည်း ရရစားစားပဲလို့ဆိုတယ်။ ဒီကြားထဲ သူတို့လို နိုင်ငံရေးခိုလှုံလာသူတွေအတွက် အပံ့အပိုးအဖြစ် ဖွင့်လှစ် ပေးထားတဲ့ သင်တန်းတွေတက်နေရတယ်လို့ဆိုတယ်။ စကားပြောဖော်လည်းမရှိ ၊ တခြားသိတဲ့သူတွေနဲ့လည်း မ ပြောချင်တာနဲ့ ကျွန်တော့်ဆီကို ဖုန်းဆက်မိတာလို့ ဆိုတယ်။

 

သူက အရင်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုရဲ့ အကြီးတန်းနေရာတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်တယ်။ လစာဝင်ငွေ လည်း ကောင်းသလို အပေါင်းအသင်းလည်း ဝင်ဆံ့သူဖြစ်တယ်။ ဇာတိက မုံရွာ အညာဘက်ပါပဲ။  အညာသား ပညာ တတ်။ သူနဲ့စပြီး အသိအကျွမ်း ဖြစ်မိတာက ကျွန်တော်လုပ်တဲ့ ကုမ္ပဏီကို ကျွန်တော့်နဲ့ပူးတွဲ လုပ်ကိုင်သူအဖြစ် ပြောင်းလာခဲ့ပြီးနောက်ပိုင်းဖြစ်တယ်။ အလုပ်အတူတူတွဲလုပ်ဖြစ်လာတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိ၊ ပိုရင်းနှီးလာပြီး အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်း ဖြစ်လာခဲ့တယ်။ နောက်ပိုင်း တခြားကုမ္ပဏီတစ်ခုကို သူ အလုပ်ပြောင်းသွားပြီးနောက် အရင်ကလောက် မတွေ့ဖြစ်ကြတော့ပေမဲ့ ရံဖန်ရံခါ တယ်လီဖုန်းဆက်သွယ်၍ပဲ ဖြစ် ဖြစ် ၊ မက်ဆင်ဂျာက စကားပြောဖြစ်ရင်းပဲဖြစ်ဖြစ် အဆက်အသွယ်မပြတ်ဘဲ ရှိခဲ့ကြတယ်။

 

တော်ရုံပါဝင်တာမျိုးမဟုတ်ဘဲ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာဖြစ်တယ်။  ဆန္ဒပြပွဲကို ဦးဆောင်သူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို စစ်တပ်က အဓမ္မအကြမ်းဖက်ဖမ်းဆီးမှုတွေ တရကြမ်းဖြစ်လာချိန် ကံကောင်းစွာပဲ လွတ်မြောက်နယ်မြေတစ်ခုဆီ သူထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရတယ်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတော့ မြို့ပေါ်ကဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတစ်ယောက်အဖြစ် သူပါဝင်တာကို သ တိထားမိခဲ့တယ်။ တော်ရုံပါဝင်တာမျိုးမဟုတ်ဘဲ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာဖြစ်တယ်။  ဆန္ဒပြပွဲကို ဦးဆောင်သူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို စစ်တပ်က အဓမ္မအကြမ်းဖက်ဖမ်းဆီးမှုတွေ တရကြမ်းဖြစ်လာချိန် ကံကောင်းစွာပဲ လွတ်မြောက်နယ်မြေတစ်ခုဆီ သူထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရတယ်။ အဲဒီကာလထိ သူနဲ့အဆက်အ သွယ် ရှိနေခဲ့ပေမဲ့ အဲဒီနောက်ပိုင်းတော့ သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ သူရောက်နေတဲ့ နေရာမှာက ဖုန်း လိုင်းနဲ့ အင်တာနက်လိုင်းတွေမရတဲ့ အခက်အခဲကြောင့်လည်း သူနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၊ ဘယ်နေရာရောက်ရောက် ယုံကြည်ရာတော်လှန်ရေးအတွက် တစ်နည်းမဟုတ်တစ်နည်းနဲ့ သူ ဆက်လက်လှုပ်ရှားနေမှာပါပဲလို့ တွေးမိရင်း သူနဲ့ အဆက်အသွယ်ပြတ်သွားတဲ့အပေါ် အထူးတလည် ကျွန်တော့် စိတ်ထဲ ရှိမနေခဲ့ဘူးဖြစ်တယ်။

 

တစ်ခါတလေတော့လည်း သူ့လိုပဲလွတ်မြောက်နယ်မြေတစ်နေရာရာမှာ ရောက်နေကြတဲ့ သူတွေရဲ့လူမှုကွန်ယက် ပေါ်တင်လာကြတဲ့ အခက်အခဲအကြောင်း စာတချို့ကို မြင်မိရင်တော့ သူရော အဆင်ပြေရဲ့လားမသိဘူးလို့ တွေးမိ တယ်။ ဒါပေမဲ့ မြို့ပေါ်မှာ ကျန်ရစ်နေခဲ့ကြသူ ဘဝတွေဆိုတာလည်း တောထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်း နေရသူတွေလိုပဲ အားတင်းကျော်ဖြတ်နေရတဲ့ ခက်ခဲခြင်းပဲဆိုတော့ ကိုယ့်ဝမ်းနာနဲ့ကိုယ်မို့ သူ့ကို မေ့လျော့ မိချိန်က များနေခဲ့တယ်။

 

ခင်ဗျားရော ဘာတွေလုပ်နေလဲတဲ့၊ သူက ကျွန်တော့်ကိုမေးတော့ ဖတ်ခဲ့ဖူးတဲ့ တစ် ကွက်ကာတွန်းထဲကလို ‘ကျွန်တော်လား ရူးနေတယ်’ လို့ ရယ်ရွှန်းပတ်ရွှန်းသူ့ကို ပြန်ပြောမိတယ်။ ကျွန်တော် အဲလိုပြောတော့ ဟက်ဟက်ပတ်ပတ် သူ ရယ်တယ်။

 

အခုအလုပ်က ဘာလုပ်နေလဲဆိုတော့ ဒလီဗာရီပို့တယ်တဲ့ ။ အဲဒီအလုပ်ပြီးရင် အချိန်ပိုင်း ခြံရှင်းတဲ့ အလုပ်မျိုး လုပ် တယ်တဲ့။ တစ်နာရီ (ဒေါ်လာ) ၄-၅ ဆယ်ရတော့ ဘာပဲဖြစ်ဖြစ် အသက်ရှူချောင်တာပေါ့တဲ့။ လက်ရှိ သူ့ဘဝ သူ့ဖြစ် သန်းမှုအကြောင်း ဆိုတယ်။ ခင်ဗျားရော ဘာတွေလုပ်နေလဲတဲ့၊ သူက ကျွန်တော့်ကိုမေးတော့ ဖတ်ခဲ့ဖူးတဲ့ တစ် ကွက်ကာတွန်းထဲကလို ‘ကျွန်တော်လား ရူးနေတယ်’ လို့ ရယ်ရွှန်းပတ်ရွှန်းသူ့ကို ပြန်ပြောမိတယ်။ ကျွန်တော် အဲလိုပြောတော့ ဟက်ဟက်ပတ်ပတ် သူ ရယ်တယ်။ ကျေးဇူးဗျာ အဲလိုမရယ်ရတာ ကြာပြီတဲ့။ ပြီးတော့ ကျွန်တော် တို့နှစ်ယောက်ကြား အင်တာနက်လိုင်းကြောင့်လား၊ တခြားအကြောင်းကြောင့်ပဲလားမသိ စကားသံခဏ တိတ် သွားတယ်။ ခဏနေတော့ ခင်ဗျားကလေး ကျောင်းတက်ပြီလားလို့ ကျွန်တော့်ကို မေးတယ်။ သူနဲ့ ကျွန်တော်နဲ့က အိမ်ထောင်ကျတဲ့အချိန်ချင်းလည်း သိပ်မကွာသလို ကလေးရတဲ့အချိန်ချင်းလည်း သိပ်မကွာဘူး။ သူ့သမီး အကြီး မနဲ့ ကျွန်တော့်သားနဲ့က ရွယ်တူဖြစ်ပြီး၊ သူ့သားအငယ်ကောင်နဲ့ ကျွန်တော့်သားအငယ်ကောင်က တစ်နှစ်လောက် ပဲခြားတယ်။ ကလေးတွေက ကျောင်းတက်နေပြီ။ အပြင်ကျောင်းပဲလို့ ဆိုတော့ သူဘာမှ ပြန်မပြောဘူး။ ဒါပေမဲ့ သူ့ရဲ့ ခပ်လေးလေး သက်ပြင်းချသံကို ဖုန်းထဲကတစ်ဆင့် ကြားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကလေး တွေ ကျောင်းအပ်ဖို့မှာ သန်းခေါင်စာရင်းထဲ ကျွန်တော့်နာမည်ပါနေလို့ အပ်ဖို့အဆင်မပြေဘူးဖြစ်နေတယ်လို့ သူက ပြောတယ်။

 

NUG က ဖွင့်တဲ့ ကျောင်းတွေမထားဘူးလားဆိုတော့ ထားတယ်တဲ့ ။ ဒါပေမဲ့ အင်တာနက်လိုင်းမကောင်းတာနဲ့ သ တင်းပေါက်ကြားတာနဲ့မို့ အဆင်မပြေဘူးတဲ့။ တလောလေးကပဲ သူ့တူတစ်ယောက်ကို စစ်မေးဖို့ လာခေါ်သွားတာ မို့ ကလေးတွေကို အဲဒီလိုကျောင်းထားဖို့အတွက် မိသားစုကလည်း ကျီးလန့်စာ စားနေရတယ်လို့ ဆိုတယ်။ အခုလို သူပြောမှ အပြင်အပကို ရောက်သွားတာ သူတစ်ယောက်တည်းဖြစ်ပြီး သူ့မိသားစုက နယ်မှာကျန်နေရစ်ခဲ့မှန်း သိရ တယ်။ မိသားစုကို ဒုက္ခမပေးတာ တော်သေးတာပေါ့ဆိုတော့ ဟုတ်တယ်တဲ့။ အပြင် ပုဂ္ဂလိကကျောင်း တစ်ခုခု မ ထားဘူးလားဆိုတော့ ဘာမှ ပြန်မပြောဘဲ အကြာကြီး သူအသံတိတ်သွားတယ်။ နောက်တော့ လက်ရှိအိမ် အခြေ အနေက အဲဒီလိုကျောင်းထားနိုင်လောက်အောင် အဆင်မပြေပါဘူးဗျာလို့ သူပြောလာတယ်။ သားသမီးနှစ်ယောက် ပညာရေးအတွက် အပြင်ပုဂ္ဂလိကကျောင်းတစ်ခုခုမှာ ထားနိုင်ဖို့ဆိုတဲ့ ငွေကြေးပမာဏလိုအပ်ချက်နဲ့ ဖြည့်ဆည်း မပေးနိုင်ဘဲ လက်ရှိဖြတ်သန်းနေရခြင်းက သူ့အတွက် ဝမ်းနည်းခံခက်ဖြစ်နေပုံရတယ်။ ရွေးချယ်စရာက အများကြီး ရှိမနေခဲ့ဘူးဗျာလို့ ရှိုက်သံတစ်ဝက်နဲ့ သူဆိုတယ်။ အခု ကလေးတွေလည်း ကျောင်းအပ်လို့ရအောင် မိသားစုလည်း အဆင်ပြေအောင် ကျွန်တော့်ကို သေစာရင်းလုပ်ခိုင်းထားတယ်လို့ သူဆက်ပြောတယ်။ သူပြောတာကို သေချာနားမ လည်မိတာမို့ ထပ်မေးကြည့်တော့ မိသားစုသန်းခေါင်စာရင်းထဲက သူ့နာမည်ကို သေစာရင်းသွင်းပြီးထုတ်ခိုင်းထား တာမှန်းသိရတယ်။ မိသားစုသန်းခေါင်စာရင်းထဲ သူ့နာမည်မပါ၊ မရှိတော့ဘူးဆိုတာမျိုးပေါ့။

 

လွတ်မြောက်နယ်မြေရောက်စ သူ့လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ‘နေ့ရက် တွေဟာ တစစ်စစ်နာကျင်နေရတဲ့ မျက်ရည်သမိုင်းတွေ’ ဆိုတဲ့  စာအပိုင်းအစကို ပြန်အမှတ်ရမိတယ်။ တကယ့်ကို တစစ်စစ်နာကျင်နေရတဲ့ မျက်ရည်တွေ။

 

သူပြောတာနားထောင်ပြီး ခင်ဗျားဟာကလည်းဗျာလို့ပဲ ကျွန်တော်ပြောနိုင်မိတယ်။ ပေါ့ပေါ့ပါးပါးလို သူကဆိုပေမဲ့ သူ့နှလုံးသားထဲက နာကျင်နေမှုအပေါ် အပြင်မှာမိုးရွာနေတယ်ဆိုတာကို ပြတင်းတံခါးတွေ ဖွင့်မကြည့်ဘဲလည်း သိ နေသလိုမျိုး ကျွန်တော်ခံစားသိနေမိတယ်။ လွတ်မြောက်နယ်မြေရောက်စ သူ့လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ‘နေ့ရက် တွေဟာ တစစ်စစ်နာကျင်နေရတဲ့ မျက်ရည်သမိုင်းတွေ’ ဆိုတဲ့  စာအပိုင်းအစကို ပြန်အမှတ်ရမိတယ်။ တကယ့်ကို တစစ်စစ်နာကျင်နေရတဲ့ မျက်ရည်တွေ။ မိသားစုတွေ ရှင်ကွဲ ၊ သေကွဲ ကေွကွင်းရခြင်းတွေထဲ သူ့မှာ သေစာရင်းနဲ့ ။ ရှင်ကွဲမှာ သေစာရင်းနဲ့။ သူ့ရှင်ကွဲမှာ မိသားစုထဲသေစာရင်းနဲ့။

 

˜˜˜˜

ညီမင်းဆက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။