Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပြင်ဦးလွင် ဖက်ဒရယ်စမ်းရေ မြေကွက်ဝယ်ဖို့ ကြိုတင်စာရင်းသွင်းမှု ကန်ဒေါ်လာ ၁ဒဿမ ၄ သန်း ကျော်ရှိ

Spring Pyin Oo Lwin Investment က ဖေါ်ထုတ်ထားတဲ့  Federal Springs (ဖက်ဒရယ်စမ်းရေ) မြေကွက်တွေကို ဝယ်ယူဖို့ ကြိုတင်စာရင်းသွင်းထားတဲ့ ပမာဏ အမေရိကန်ဒေါ်လာ ၁ဒဿမ၄ သန်း ကျော်ရှိပြီ ဖြစ်ကြောင်း The End of Dictatorship က ထုတ်ပြန်ပါတယ်။


အဲဒီမြေကွက်တွေကို ဒီနေ့ညဦးပိုင်း မြန်မာစံတော်ချိန် အောက်တိုဘာလ (၇)ရက် စတင် ရောင်းချမှာ ဖြစ်ပါတယ်။


ဖယ်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်းအဖြစ် တပ်မတော်နည်းပညာတက္ကသိုလ်အနီး မြေဧက (၃၀၀) လောက်ကို စီးပွားရေးလုပ်ငန်းသုံးနဲ့ အိမ်ရာမြေတွေ ဖော်ထုတ်သွားမှာဖြစ်ပြီး စီးပွါးရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ x ပေ ၂၀၀ အကွက်တွေကို  မန္တလေး-လားရှိုးလမ်းမကြီး ဘက်ခြမ်းမှာ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။


စီမံကိန်းအတွင်းဘက်မှာ ပေ ၄၀ x ပေ ၈၀ အကွက်၊ ပေ ၈၀ x ပေ ၈၀ အကွက်နဲ့ ၁ ဧက အကွက်တွေကို လူနေအိမ်ရာမြေကွက်တွေအဖြစ် ဖော်ထုတ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။


“တော်လှန်ရေး အောင်ဖို့အတွက် ဘဏ္ဍာရေးစစ်မျက်နှာမှာ အနိုင်ရဖို့က အရေးကြီးတယ်။ ဘဏ္ဍာရေးစစ်နဲ့ ပတ်သက်ရင် (၂)ပိုင်းပဲရှိတယ်။ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေ ရှာဖို့ရယ်၊ စစ်ကောင်စီရဲ့ ဝင်ငွေ ရပေါက်ရလမ်းတွေကို ပိတ်ပင်ဖို့ရယ်ပဲ” လို့ ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။


ဒီမြေကွက်တွေဟာ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးလှတဲ့ တော်လှန်ရေး ရန်ပုံငွေရရှိဖို့  အများပြည်သူသို့ ရောင်းချပေးခြင်း ဖြစ်ပါတယ်။


ဝယ်ယူသူတွေဟာ မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေးရဲ့ သုံးပုံတစ်ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးမှာ ဖြစ်ပါတယ်။


ဒါ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်းနဲ့ တော်လှန်ရေး ကာလအပြီး ဆိုပြီး  ပိုင်းခြားပေးသွင်းရမှာပါ။


~~~~~~~~~~

ကိုလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။