Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေး အကူအညီရဖို့ လိုအပ်နေကြောင်း သံအမတ်ကြီး ပြော

မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီအပါအဝင် ခိုင်မာတဲ့ ပံ့ပိုးမှုတွေရရှိဖို့ လိုအပ်နေကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


အောက်တိုဘာ (၅)ရက်နေ့၊ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီရဲ့  ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့ပါတယ်။


လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ပေးအပ်မယ့် အကူအညီအားလုံးဟာ လိုအပ်နေတဲ့ ပြည်သူတွေအားလုံးထံသို့ ရောက်ရှိရေး သေချာမှုရှိစေဖို့ အရေးကြ ကြောင်း၊ အကူအညီ ပေးရာမှာ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ် ထားခြင်းမရှိဘဲ၊ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့မူနဲ့ ညီဖို့လိုကြောင်း၊ ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်အားလုံးဟာ မြန်မာနိုင်ငံရှိ အမျိုးသား ညီညွတ်ရေးအစိုးရ အပါအဝင် အဓိကသက်ဆိုင်သူတွေအားလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ အရေးကြီးကြောင်း သံအမတ်ကြီးက ပြောပါတယ်။ 


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုမှန်သမျှဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အကူအညီတွေ မဖြစ်ဖို့  အလွန်အရေးကြီး ကြောင်းလည်း သံအမတ်ကြီးက သတိပေးပါတယ်။


~~~~~~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။