Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ထီးသဘျုခီး ကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ပေါင် ၅၀၀ ဗုံး ကြဲချ၊ ဗုံးမပေါက်ကွဲသော်လည်း ဘုရားကျောင်း သွပ်မိုးနှင့် ဘေးအကာမှန်များ ပျက်စီး

ကရင်အမျိုးသား အစည်းအရုံး (KNU) - ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ထီးသဘျုခီး ကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို မနေ့က အောက်တိုဘာ ၄ ရက် မနက် ၁၁ နာရီ ၂၅ မိနစ်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က Yak - 130 Jet Fighter တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

 

အဆိုပါ ဗုံးသီးမှာ ပေါက်ကွဲခဲ့ခြင်း မရှိဘဲ အလုံးလိုက် ပြုတ်ကျခဲ့တာကြောင့် ဘုရားကျောင်း သွပ်မိုးနဲ့ ဘေးအကာ မှန်သားတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

 

KNU ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ထီးသဘျုခီး ကျေးရွာ အနီးရှိ အကြမ်းဖက် စစ်ကောင်စီ ကွီလုံးတိုင် တပ်စခန်းသို့ ပစ္စည်းတွေ လာရောက်ပို့ဆောင်စဉ် Mi - 35P Attack Helicopter တစ်စီးနဲ့ ၎င်းတပ်စခန်း အနီး ပတ်ဝန်းကျင်ကို လှည့်ပတ် ပျံသန်း ပစ်ခတ်ခဲ့ပြီး Yak - 130 Jet Fighter တစ်စီးနဲ့ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ပေါင် (၅၀၀) ဗုံးသီး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ယင်းသို့ ပစ်ခတ်နေစဉ်မှာ Mi - 17 Transport Helicopter တစ်စီးနဲ့ ကွီလုံတိုင် တပ်စခန်းထဲသို့ ပစ္စည်းအထုပ်အပိုးများကို လေထီးများနဲ့ ပစ်ချပေးခဲ့တယ်လို့ သိရပါတယ်။


ပစ္စည်းများအား လာရောက်ပို့ဆောင်နိုင်ရန် မော်လမြိုင် ရတခ မှ Mi - 35P Attack Helicopter တစ်စီးဖြင့် ၎င်းတပ်စခန်းအနီး တစ်ဝိုက် ပတ်ဝန်းကျင်များအား နယ်မြေ လုံခြုံရေး နှင့် ရှင်းလင်းရေးအဖြင့် လှည့်ပတ် ပျံသန်း ပစ်ခတ်ခဲ့ပြီး နေပြည်တော်တက် Yak - 130 Jet Fighter တစ်စီးမှလည်း ကွီးလုံးတိုင် စခန်းအနီးရှိ ထီးသဘျုခီး ကျေးရွာမှ ခရစ်ယာန် ဘုရားရှိခိုးကျောင်းအား ပေါင် (၅၀၀) ဗုံးသီး တစ်လုံးဖြင့် သွားရောက် ပစ်ချခဲ့သည်။

 

အလားတူ အောက်တိုဘာလ ၃ ရက်နေ့မှာလည်း မော်လမြိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ Mi - 35P Attack Helicopter တစ်စီး၊ Mi - 17 Transport Helicopter တစ်စီးတို့ဖြင့် KNU - ဒူးပလာယာခရိုင်နယ်မြေ အတွင်းသို့ တစ်ရက်အတွင်း ၃ ကြိမ်တိုင်တိုင် လာရောက်ကာ စစ်သားတချို့နဲ့ ကုန်ပစ္စည်းများကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ပထမ အကြိမ်အဖြစ် KNU - ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ အ​ခြေစိုက် ဗျူဟာသို့ တပ်မမှူး မျိုးဆက်အောင်၊ တပ်သားအချို့နဲ့ စစ်သားလစာများကို Mi - 17 Transport Helicopter တစ်စီးဖြင့် မနက် ၁၁ နာရီအချိန်မှာ လာရောက်ပို့ဆောင်ပေးခဲ့ပြီး Mi - 35P Attack Helicopter တစ်စီးကလည့်ပတ် ပျံသန်း လုံခြုံရေး ယူပေးခဲ့တယ်လို့ သိရပါတယ်။

 

ဒုတိယ အကြိမ်အဖြစ် မနက် ၁၁ နာရီ မိနစ် ၂၀ အချိန်မှာ KNU - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် စစ်စခန်းသို့ ဗျူဟာမှူး အသစ် အောင်ကျော်စိုးနဲ့ စစ်သား ၁၀ ဦးကို အထက်ပါနည်းလမ်းအတိုင်း ရဟတ်ယာဉ် ၂ စီး အသုံးပြုပြီး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

 

အလားတူ KNU - ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရားသုံးဆူမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ပင်မကုန်း စစ်စခန်းသို့ တပ်သား ၁၂ ဦးကို ယင်းနေ့ နေ့လည် ၁ နာရီ ၅၇ မိနစ်မှာ အထက်ပါ နည်းလမ်းအတိုင်း ရဟတ်ယာဉ် ၂ စီး အသုံးပြုပြီး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~ 

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။