မုံရွာစီးပွားရေးတက္ကသိုလ်အနီးရှိ အကြမ်းဖက် စစ်ဆေးရေးဂိတ်ကို PDF တွေက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား (၄)ဦး သေဆုံးကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-အရာတော်လမ်းပိုင်းပေါ်ရှိ ဇလုပ်အဝိုင်းပတ်အနီး စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ (၃)ရက်၊ ညနေ (၆)နာရီလောက်မှာ ဒေသတွင်း PDF တွေ ပူးပေါင်းကာ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား (၂)ဦးလည်း ဒဏ်ရာရရှိကြောင်း မုံရွာခရိုင် PDF တပ်ရင်း-၄(Chindwin Attack Force)က သတင်း ထုတ်ပြန်ပါတယ်။
“ကျနော်တို့ အလစ်ဝင်ပစ်ပြီး ချက်ချင်းပြန်ဆုတ်တာမဟုတ်ဘူး။ ညနေပိုင်းမှာ စခတွေ သောက်ဖို့စားဖို့ အာရုံရနေတဲ့အချိန်မှာ အလစ်အငိုက်ဝင်ပစ်တယ်။ အချိန်ကြာတယ်။ (၄၅)မိနစ်လောက် ထင်တယ်။ ပစ်ကြတာ” လို့ မုံရွာခရိုင် တပ်ရင်း(၂) ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် PDF ရဲဘော် (၂)ဦး ဒဏ်ရာရပေမဲ့ မစိုးရိမ်ရတဲ့ အနည်းငယ် ဒဏ်ရာရခြင်းသာ ဖြစ်ကြောင်း သူကပြောပါတယ်။
အဲဒီဂိတ်မှာ စစ်သား (၂၀)ကျော်ရှိပြီး မကြာခဏဆိုသလို ဒေသခံ PDF တွေ သွားရောက် တိုက်ခိုက်လေ့ ရှိပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)၊ တပ်ရင်း(၄) တပ်ခွဲ (၁) Spring Dove ၊ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) NPRF ၊ မုံရွာခရိုင် အမှတ် (၂၇) တပ်ရင်း တပ်ခွဲ (၁) ၊ မုံရွာခရိုင် အမှတ် (၂၇) တပ်ရင်း တပ်ခွဲ (၂) Than Lar Wait Defence Force နဲ့ Monywa Special ဒိတ်ဒိတ်ကြဲ တို့ ပူးပေါင်း လုပ်ဆောင်ကြတာပါ။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။