Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေစကြိုမှာ အကြမ်းဖက် စစ်ကြောင်း စောင့်တိုက်ခံရပြီး ၂၁ ဦး သေ ကျနော်တို့ပြည်သူတွေပါ၊ မပစ်ပါနဲ့လို့ စစ်သားတချို့ အော်ဟစ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကြောင်းကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ (၂၁)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာ (၃)ရက်၊ မနက် (၉)နာရီကျော်က ထန်းငယ်တောရွာကနေ သဲတောရွာဘက်သို့ ထွက်ခွာလာတဲ့ အင်အား (၆၀)လောက်ပါ စစ်ကြောင်းကို  ဒေသတွင်း PDF တပ်ဖွဲ့တွေက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်သား (၁၀)ဦးကျော် ဒဏ်ရာရခဲ့ကြောင်း Southern YSO PDF က သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ကြောင်းကို မီတာ (၂၀)အကွာထိ ရောက်လာအောင် စောင့်ဆိုင်းပြီး လက်နက်ငယ်၊ စက်လက်၊ လက်ပစ်ဗုံးတို့နဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


“ကျနော်တို့ နယ်မြေကျွမ်းတယ်။ ကြိုတင်သတင်းရတယ်။ အဲဒါကြောင့် စိတ်ကြိုက်ပစ်လို့ ရမယ့်နေရာကနေ စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။ အနီးကပ်ရောက်လာတော့မှ ပြိုင်တူ အကုန်ဝင်ဆွဲတော့ စခတွေ အကုန်ဝရုန်းသုန်းကား ပြေးမိပြေးရာ ဖြစ်ကုန်တာ” လို့ ရေစကြို LPDF ရဲဘော်က ပြောပါတယ်။


အကြမ်းဖက်စစ်သားတွေက “ကျနော်တို့ပြည်သူတွေပါ၊ မပစ်ပါနဲ့” လို့ အော်ဟစ်ကြသလို အော်ဟစ်ညီးညူသံနဲ့ အကူအညီတောင်းသံတွေလည်း ကြားရကြောင်း Southern YSO PDFက ဆိုပါတယ်။


ဒါ့အပြင် ၄၀(မမ)လက်နက်ကြီး ပစ်ကူပေးဖို့ ပြောသံကိုလည်း ကြားရပြီး ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ ကစဉ့်ကလျား ထွက်ပြေးသွားကြောင်း သိရပါတယ်။


သေဆုံးနဲ့ ဒဏ်ရာရစစ်သားတွေကို ပခုက္ကူမြို့ကနေ နာရေးကား (၅)စီးနဲ့ လာသယ်သွားကြ ကြောင်းလည်း ထုတ်ပြန်ပါတယ်။


အဲဒီတိုက်ခိုက်မှုကို Southern YSO PDF ၊ BNRA (ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်)၊ Yesagyo Revolution Group (YRG)၊ ဒေါင်းစစ်သည်၊ King Cobra ၊ မြိုင်ပကဖ တပ်ရင်း-၁၊ ဒေါင်းသွေးနီနဲ့ Shwe Nyar Myae People Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် (၁၀)မိနစ်လောက်သာ ကြာကြောင်း သိရပါတယ်။


~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။