Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒင်းတို့ရဲ့ နောက်ဆုံးခရီး (OPINION)

ဘယ်လိုလဲ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရ။

 

ခုတော့ မင်းအနေနဲ့ သွားလာလို့ရနိုင်သေးတဲ့ တိုင်းစစ်ဌာနချုပ်တွေသွားေရာက်ပြီး မဟုတ်တမ်းတရား၊ ငါ့စကားနွားရ၊ ကလိန်စေ့ငြမ်းဆင်တဲ့စကားေတွနဲ့ ပြောဆိုစည်းရုံးနေရပါလားကွ။ အရင်အစိုးရလက်ထက်တုန်းက နိုင်ငံရဲ့စီးပွားရေး အနုတ်ငါးဒသမ ရှစ်ရာခိုင်နှုန်း ကျဆင်းခဲ့တယ်တို့၊ ခုတော့ စီးပွားရေး ပြန်လည်တိုးတက်စပြုလာပါပြီတို့။

 

NLD က မတရားသဖြင့် နိုင်ငံတော်အာဏာကို ရယူဖို့ကြိုးစားတဲ့အနေနဲ မဲမသမာမှုတွေ ပြုလုပ်ခဲ့တယ်တို့၊ ဒါကြောင့် တပ်မတော်အနေနဲ့ ဒီမိုကရေစီ ပြန်လည်တည့်မတ်လိုတဲ့စေတနာနဲ့ ၂၀၀၈ခု ခြေဥနဲ့အညီ အာဏာထိန်းသိမ်းရယူခဲ့ရတယ်ဆိုတာ တို့။

 

ရွေးကောက်ပွဲတစ်ရပ်မှာ မဲစာရင်းမှန်ကန်ဖို့ အရေးကြီးတာကြောင့် သန်းခေါင်စာရင်းကောက်ယူဖို့ လိုအပ်တာတို့၊ နိုင်ငံတဝှမ်း အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်ပြီးရင်တော့ အနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးအပ်သွားမယ်တို့။ ဒါကြောင့် မတည်မငြိမ်ဖြစ်နေတဲ့အနေအထားကို တည်ငြိမ်အောင်ကြိုးစားသွားကြရမည်မှာ တပ်မတော်ရဲတာဝန်ဖြစ်တယ်တို။ ဒါ့ပြင် တပ်တော်ဟာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ နိုင်ငံအရေး ဆောင်ရွက်နေတာဖြစ်တယ်တို့။

 

တို့ပြည်သူတရပ်လုံးကတော့ မင်းပြောတဲ့စကားတွေကို ထင်မိထင်ရာ၊ ကဘောက်တိကဘောက်ချာ၊ အရူးချေးပန်းစကားတွေလို့ သတ်မှတ်ထားလိုက်ကြသကွ။

 

နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေနဲ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့် ကုန်စျေးနှုန်းတွေ တက်နေရတယ်တို့၊ အခု ထိုက်သင့်သလို အရေးယူမှုတွေဆောင်ရွက်လိုက်တော့ ကုန်စျေးနှုန်းတွေကျဆင်းသွားတာ တွေ့ရတယ်တို့။ စသည် စသည်ဖြင့်ပေါ့လေ။ 

 

အေး မင်းပြောစကားတွေကို မင်းရဲ့လက်အောက်ခ စခတွေကတော့ ယုံကြည်ရင် ယုံကြည်ကြပေလိမ့်မယ်။ တို့ပြည်သူတရပ်လုံးကတော့ မင်းပြောတဲ့စကားတွေကို ထင်မိထင်ရာ၊ ကဘောက်တိကဘောက်ချာ၊ အရူးချေးပန်းစကားတွေလို့ သတ်မှတ်ထားလိုက်ကြသကွ။

 

တို့အရွယ်တန်းတွေကတော့ ရေနွေးဝိုင်းမှာ ဓာတ်ဆီ၊ ဓာတ်ဆံရဲ့ ရေနံချောင်းက ဖေကံကောင်းပြက်လုံးကို ပြောပြောပြီး ဟားနေကြလေရဲ့။ အဲဒီပြက်လုံးထဲမှာ ဆရာဝန်က ဓာတ်ဆီကို "လူကလေး၊ စိတ်ကောင်းကောင်းထားပါ။ လူကလေးကို ကျနုပ်က အင်ဂျန်းရှင်းနှစ်လုံးပြွတ် ထိုးပေးမယ်" လို့ပြောလိုက်တယ်။ အခုလည်း မင်းကို  "လူကလေးမအလ၊ စိတ်ကောင်းကောင်းထားပါ။ မင်းကို တို့က အင်ဂျန်းရှင်းနှစ်လုံးပြွတ် ထိုးပေးမယ်"လို့ ပြောရမယ့်ကိန်း ရောက်နေပြီလို့ ကြောပြောပြီး ဟားကြတာပေါ့ကွာ။

 

ဟုတ်တယ်လေကွာ။ မင်းရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဘာစီးပွားရေးတစ်ခုကိုများ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်ထွန်းအောင် လုပ်ကိုင်နိုင်ခဲ့လို့လဲ။

 

ခုမှ မင်းက စိုက်ပျိုးရေးနိုင်ငံမို့ စိုက်ပျိုးရေးလုပ်ငန်းတွေ ခေတ်မီတိုးတက်အောင် တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ပြောလာနေပြန်တယ်။

 

အရင်အစိုးရ ထားခဲ့တဲ့ အရန်ငွေအင်အားတွေ၊ သဘာဝဘေးအန္တရာယ်အတွက် ထားရှိခဲ့တဲ့ ငွေအင်အားတွေလည်း မင်းတို့အာဏာတည်မြဲဖို့ အဆင်အခြင်မဲ့ ပြည်သူတွေကို ဖိနှိပ်ခဲ့တဲ့ စစ်အသုံးစရိတ်တွေကြောင့် ဖြူကာစင်ကာ ပြောင်သလင်းခါသွားပြီ။ ဒါကြောင့် မဲစာရင်းမှားယွင်းလို့ ဖြစ်ပေါ်လာတဲ့ပြဿနာကို တိုက်လေယာဉ်နဲ ဗုံးကြဲဖြေရှင်းရတယ်ဆိုတာ ကမ႓ာမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းရှိတယ်လို့ ပြောစမှတ်တွင်ရစ်ခဲ့တာပေါ့။ 

 

ခုမှ မင်းက စိုက်ပျိုးရေးနိုင်ငံမို့ စိုက်ပျိုးရေးလုပ်ငန်းတွေ ခေတ်မီတိုးတက်အောင် တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ပြောလာနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်စဉ်မှာတော့ မင်းတို့က ရွာပေါင်းတစ်သောင်းဝန်းကျင်ကို ယုတ်မာစွာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဒါ့ပြင် မင်းတို့ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းခွင် မဝင်ရောက်နိုင်ဘဲ အသက်ကိုဖက်နဲ့ထုပ်ပြီး စစ်ပြေးဒုက္ခသည်တွေဖြစ်ကုန်ကြတယ်။

 

အဲဒီမှာ မင်းတို့ရဲ့ သတင်းမီဒီယာတွေကတော့ မုံရွာမြို့နယ်မှာ ဝါတွေ ဧကတစ်သောင်းခွဲကျော် စိုက်ပျိုးဖြစ်ထွန်းနေပြီ။ မကွေးမြို့မှာ ပဲဆီစစ်စစ်တွေ ၄၉၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီဆိုတဲ့သတင်းတွေ ဖော်ပြနေယ်။ ဒါပေမဲ့ ဆီဝယ်ယူနေကြတဲ့လူတန်းကြီးက မိုင်ချီရှည်လျားနေတာကို ရှက်ရမှန်းမသိ ဖော်ပြလို့လေ။ ပြီးတော့ မုံရွာမြို့နယ်မှာ အောက်ခြေအုပ်ချုပ်ရေးမှူးတွေ တစ်ယောက်မှမရှိတော့တာ နှစ်ချီရှိနေပေါ့။ ဘယ်လိုများ ဝါစိုက်ပျိုးမှုဧက အတိအကျသိကြတာပါလိမ့်။ ဟ အကောင်တွေရာ။ လိမ်ညာရင်လည်း မျက်လှည့်ဆရာတွေလို ပိပိရိရိလိမ်ညာကြ။ ခုတော့ မျက်နှာမှာတော့ သနပ်ခါး မှုန်နေအောင်လိမ်းထားပါရဲ့။ ခြေသလုံးကြည့်လိုက်မှ သေးစီးကြောင်းရာကြီးနဲ့ဆိုတာလို ဖြစ်နေပေါ့။

 

တကယ်တော့ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းရဲ့ မဟာစီးပွားရေးစီမံကိန်းကြီးက လေထဲတိုက်ဆောက်သလို ရေပေါ်အရုပ်ရေးနေတဲ့ စီမံကိန်းကြီးပါကွာ။

 

နောက် MSME စက်မှုလုပ်ငန်းတွေ တိုးတက်တွင်ကျယ်လာအောင် လုပ်ဆောင်ပေးကြရမယ်လို့လည်း ပြောလာပြန်သေးတယ်။ MSMEလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ အဓိကမောင်းနှင်အားက ဘာလဲ။ လျှပ်စစ်မီး ပုံမှန်ရရှိရေးပေါ့။ ဘယ်မှာလဲ လျှပ်စစ်။ မြစ်ဆုံလျှပ်စစ်စီမံကိန်းကြီး အကောင်အထည်ဖော် အောင်မြင်သည်ထိ စောင့်ကြရဦးမှာပေါ့လေ။ ခုတော့ ရန်ကုန်မြို့တော် အိမ်သုံးလျှပ်စစ်တောင် အလှည့်ကျပေးဝေနေကြရတယ်မဟုတ္ ပါလား။

 

တကယ်တော့ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းရဲ့ မဟာစီးပွားရေးစီမံကိန်းကြီးက လေထဲတိုက်ဆောက်သလို ရေပေါ်အရုပ်ရေးနေတဲ့ စီမံကိန်းကြီးပါကွာ။ ပြီးတော့ အမေရိကန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတို့က မင်းတို့ရဲ့ ငွေကြေးစီးဆင်းနေမှုတွေကို ဖြတ်တောက်ပိတ်ဆို့လိုက်ေတာ့ မင်းတို့အနေနဲ့ လိပ်ကို ပက်လက်လှန်လိုက်သလို ယက်ကန်ယက်ကန်ဖြစ်သွားပြီမဟုတ်လား။ ဘယ်လိုမှ နလန်ထူနိုင်စရာအကြောင်းမရှိ ေတာ့။

 

ဒီမှာ။ မင်းတို့အနေနဲ့ အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်ရေး၊ သမ္မတဖြစ်နိုင်ရေး၊ ရွေးကောက်ပွဲကနေတဆင့် ထွက်ပေါက်ရရှိရေးဆိုတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်လိုက်ပါတော့ကွာ။ ဘာလို့လဲဆိုတော့ မင်း သေဆုံးသည်ထိ မင်းစိတ်ကူးတွေက လုံးဝလုံးဝကို မဖြစ်နိုင်တော့လို့ပါပဲ။ ဒါပေမဲ့ မင်းက မိုက်မိုက်ကန်းကန်း ကျားမြီးကိုမှ ဆွဲထားလိုက်တဲ့ကောင်ဆိုတော့ စွန့်လွှတ်ဝံ့လိမ့်မယ် မဟုတ်ပေဘူး။ ရှေ့ကိုတိုးပြီး ထမ်းပိုးမိုက်ကန်းလိမ့်ဦးမယ္ ထင္ ပါရဲ႕။

 

အကျိုးဆက်အနေနဲ့ စီးပွားရေးတွေ ပိုမိုကသောင်းကနင်း ဖြစ်ထွန်းလာစေလိမ့်မယ်။ စီးပွားရေးဆိုတာ စျေးကွက်သဘောအရ လှည့်ပတ်သွားနောပါပဲ။ အမိန့်အာဏာတွေနဲ့ ထိန်းချုပ်လို့မရနိုင်ပေဘူး။ 

 

ဒါကြောင့်လည်း ဆီကုန်သည်တွေကိုအရေးယူ၊ စီးပွားရေးလုပ်ငန်းတွေ ကိုင်တွယ်နေကြတဲ့သူ အချင်းချင်းကိုလည်း အရေးယူတာတွေ ပြုလုပ်နေတာပေါ့။ ရွှေစျေးနဲ့ဒေါ်လာစျေးကတော့ ရောင်းဝယ်မှုမရှိသလောက်ဖြစ်သွားပြီး စျေးနှုန်းကျဆင်းသလို ဖြစ်သွားတာပေါ့။ ဒါပေမဲ့ စက်သုံးဆီစျေးကတော့ တရိပ်ရိပ်တက်နေဆဲ။ မင်းလုပ်ကိုင်နေတာတွေက ဆေးမြီးတိုတွေပါကွာ။ အကျိုးဆက်အနေနဲ့ စီးပွားရေးတွေ ပိုမိုကသောင်းကနင်း ဖြစ်ထွန်းလာစေလိမ့်မယ်။ စီးပွားရေးဆိုတာ စျေးကွက်သဘောအရ လှည့်ပတ်သွားနောပါပဲ။ အမိန့်အာဏာတွေနဲ့ ထိန်းချုပ်လို့မရနိုင်ပေဘူး။ 

 

ခုဆို မင်းတို့ရဲ့အမိန့်အာဏာနဲ့ ထိန်းချုပ်လိုရနိုင်တဲ့ တပ်တွင်းအခြေအနေတောင် ဖရိုဖရဲဖြစ်နေပြီမဟုတ်လား။ လောလောဆယ် ကရင်နီပြည်နယ် မယ်စဲဒေသက တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အားလုံးက လက်နက်တွေစွန့်ပစ်ထားခဲ့ပြီး အလင်းဝင်ရောက်သွားကြတယ်ဆိုပဲ။ အဲဒီသတင်းက အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းအတွက်တော့ သေမင်းခေါ်သံ ခေါင်းလောင်းတီးခတ်လိုက်သလို ဖြစ်စေလိမ့်မယ်ထင်ပါရဲ့။

 

ဒီမှာ မင်းအနေနဲ့ အာဏာသိမ်းမှုကြောင့်ဖြစ်ေပါ်လာတဲ့ အကျိုးဆက်တွေကို သမင်လည်ပြန်စ်ချက်လောက် စောင့်ကြည့်လိုက်စေချင်တယ်။ ပထမတစ်ချက်အနေနဲ့ ဗမာတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတယ်ကွာ။ ဒေသတွင်း အာဆီယံနိုင်ငံတွေက ထောက်ခံမှုမပြုကြတဲ့အပြင် ခုဆို အလှည့်ကျဥက္ကဌရာထူးကိုတောင် မပေးအပ်တော့ဘူးမဟုတ်လား။ နိုင်ငံတကာမှာလည်း မင်းနဲ ကုလင်းတူဗူးဆို့နိုင်ငံတချို့ကလွဲလို့ ဘယ်သူကများ ဆက်ဆံကြတော့လို့လဲ။ တဆင့်ပြီးတဆင့် ဖိအားတွေပေးနေကြတယ်မဟုတ်လား။ အဆိုးတာ့အဆိုးဆုံးကတော့ မင်းတို့မှာ ဒေါ်လာငွေပြတ်တောက်သွားမှုပါပဲ။

 

မင်းတို့အနေနဲ့ အသေခံကြမလား၊ ထွက်ပြေးကြမလားဆိုတဲ့ လမ်း၂သွယ်ကိုပဲ ရွေးချယ်စရာရှိပါတော့တယ်။ ထွက်ပြေးလည်း ICJကနေ လွတ်အောင်တော့ ပြေးနိုင်ကြမယ်မထင်မိဘူ

 

ဘာကြောင့်လဲ။ မင်းတို့က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား မင်းတို့စစ်အာဏာရှင်တွေ ဆက်လက်ရှင်သန်နိုင်ရေးအတွက် မတရာသဖြင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုသတ်ဖြတ် ဖျက်ဆီးနေကြလို့ပါပဲ။ ဒီတော့ ပြည်သူတွေကရော နိုင်ငံတကာကပါ မင်းတို့ကို အမြစ်ပြတ်အောင် ဆောင်ရွက်နေကြတာပ။ 

 

မင်းတို့အနေနဲ့ အသေခံကြမလား၊ ထွက်ပြေးကြမလားဆိုတဲ့ လမ်း၂သွယ်ကိုပဲ ရွေးချယ်စရာရှိပါတော့တယ်။ ထွက်ပြေးလည်း ICJကနေ လွတ်အောင်တော့ ပြေးနိုင်ကြမယ်မထင်မိဘူး မင်းတို့ထိုက်နဲ့မင်းတို့ကံ ပေးဆပ်ကြရုံရှိတာပလို့ ပြောရုံမှတပါး အခြားမရှိ။

 

နွေဦးတော်လှန်ရေး မုချ အောင်ရမယ်။ 

 

˜˜˜˜

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။