ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်သား (၁၅)ဦး လောက်သေဆုံးကြောင်း သိရပါတယ်။
အောက်တိုဘာ (၁)ရက်၊ မနက် (၁၁)နာရီလောက်က ပုဇွန်မြောင်းရွာမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး သေနတ် (၁)လက် သိမ်းဆည်းမိကာ စစ်တပ်ပိုင် ဘက်ဖိုး (၁)စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Spring Warriors Column က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် အရာရှိ (၁)ဦးအပါအဝင် (၁၀)ဦးလောက် ဒဏ်ရာရခဲ့ ကြောင်း လည်း သိရပါတယ်။
ညနေ (၅)နာရီလောက်မှာ တိုက်ပွဲပိုမို ပြင်းထန်လာပြီး PDF ရဲဘော် (၄)ဦး ဒဏ်ရာရရှိခဲ့ကာ (၁)ဦးမှာ စိုးရိမ်ရ အခြေအနေရှိကြောင်း Spring Warriors Column က ဆိုပါတယ်။
စက်တင်ဘာ (၂၇)ရက်ကနေ (၂၉)ရက်နေ့အထိ ဖြစ်ပွားတဲ့ ပုဇွန်မြောင်းရွာ တိုက်ပွဲတွေ မှာလည်း စစ်သား၊ ရဲ၊ ပျူစောထီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် (၅၀)လောက် သေဆုံးခဲ့ကြောင်းလည်း Spring Warriors Column က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ (၁)ရက်နေ့တိုက်ပွဲကို Spring Warriors Column၊ PDF တပ်ရင်း (၃၇၀၂) နဲ့ Royal Peacock Column တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။