Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အိုးအိမ်စွန့်ထွက်ပြေးရမှု၊ အရပ်သားသေဆုံးမှုနဲ့ ပြည်သူပိုင်ပစ္စည်းဆုံးရှုံးမှု ဆက်တိုက် ဖြစ်ပေါ်

ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံအတွင်း  အိုးအိမ်စွန်ခွာ ထွက်ပြေးရမှု၊ အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေ  ဆက်တိုက် ဖြစ်ပေါ်လျက်ရှိကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်ပါတယ်။


အခုအခါ လူဦးရေ (၂)သန်းနီးပါးဟာ မရေရာတဲ့အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင် နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ လိုအပ်လျက်ရှိကြောင်း သိရပါတယ်။


ပြည်တွင်းနဲ့  နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ များပြားလာတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ကူညီနိုင်ဖို့  အရှိန်မြှင့်ဆောင်ရွက်နေကြပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ  ၈သန်းကျော်ကို အကူအညီတွေ ပေးနိုင် ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


“၁ ဒဿမ ၈ သန်းဆိုတာ ဘယ်ဒေသမှာ ကူညီတာလဲဆိုတာ တိတိကျကျ ပြောဖို့လိုမယ်။ စစ်တပ်ဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ ကုလသမဂ္ဂက ပေးတာ တစ်ပြားမှ မရဘူး” လို့ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။


ဝင်ရောက်ကူညီခွင့်ဆိုင်ရာနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ်တွေကြောင့် ကယ်ဆယ်ရေးအကူအညီပေးဖို့ စီစဉ်ထားတာတွေဟာ ကြာမြင့်စွာနှောင့်နှေးစေခြင်း၊ သို့မဟုတ် ရွှေ့ဆိုင်းရခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း  ထုတ်ပြန်ထားပါတယ်။


ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ အရပ်သားတွေအပေါ ခြိမ်းခြောက်မှုဟာ ပျံ့နှံ့လျက် ရှိလာပြီး နောက်ဆုံးထုတ် သတင်းအချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေပြည်တော်ကလွဲလို့  ပြည်နယ်နှင့်တိုင်းဒေသအားလုံးမှာ ဖြစ်ပေါ်လျက်ရှိကြောင်း လည်း UNOCHA Myanmar ကဆိုပါတယ်။


~~~~~

နိုင်ကြီး

Comment List


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။