ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF-Mindat)ထံသို့ AK-47 သေနတ် အလက် (၄၀)အပ်နှံခဲ့ ကြောင်း International Mindat K'Cho Organization (IMCO) က သတင်းထုတ်ပြန်ပါတယ်။
International Mindat K'Cho Organization (IMCO)၊ Heal the worldနဲ့ CEA(Norway) အဖွဲ့ (၃)ဖွဲ့ ပူးပေါင်းဝယ်ယူခဲ့တဲ့ AK-47 သေနတ်အလက် (၄၀)၊ ကျည် (၁၂၀၀၀) နဲ့ကျည်အိမ် (၁၂၀) တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် ထံ သို့ စက်တင်ဘာ (၂၈)ရက်နေ့က အပ်နှံခဲ့ကြောင်း သိရပါတယ်။
International Mindat K'Cho Organization (IMCO) အဖွဲ့အနေဖြင့်ချင်းကာကွယ်ရေး တပ်ဖွဲ့-မင်းတပ်အတွက် AK-47 သေနတ်အလက် (၅၀) ဝယ်ယူ တပ်ဆင်ပေးမယ့် ပရောဂျက်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့ပါတယ်။ ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၈၅၀၀၀ (တသိန်းရှစ်သောင်းငါးထောင်)ကုန်ကျပြီး လက်နက် (၅၀)၊ ကျည် ၁၅၀၀၀ နဲ့ ကျည်အိမ် (၁၅၀)ရရှိမှာ ဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ AK-47 သေနတ် ၁၀ လက်၊ ကျည် ၃၀၀၀ နဲ့ကျည်အိမ် (၃၀) တို့ကို မကြာမီ ထပ်မံဖြည့်ဆည်း ပေးမယ်လို့လည်း IMCO ကထုတ်ပြန်ထားပါတယ်။
သေနတ်အလက် (၅၀) ပရောဂျက်အတွက် ကံစမ်းမဲလက်မှတ်တွေ ဝယ်ယူပေးခဲ့တဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသားတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း IMCO ကဆိုပါတယ်။
သေနတ်တွေကို ချင်းရိုးရာဓလေ့နဲ့အညီ အပ်နှံခဲ့ကြောင်းလည်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။