ကျနော် ထောင်ထဲကိုရောက်ပြီး ၃လမပြည့်မီမှာပင် ပထမဆုံးကြုံရတဲ့ပြဿနာမှာ ဘဝ တစ်သက် တာ တစ်ခါမှ မပေါက်ဖူးတဲ့ ဝဲတွေ ပေါက်လာခြင်းဖြစ်တယ်။ကိုယ်မှမဟုတ်၊ ကိုယ့်အမှုတွဲ၅ဦးစလုံးလည်း ဝဲ တွေကိုယ်စီ။ဝဲတောင်မှ အစိုရော အခြောက်ရော ၂မျိုးစလုံး။ဝဲအစိုဆိုရင် ပြည်တည်နေတဲ့အလုံးက ကြီးတာ မို့ လက်ဖဝါးပါ ယောင်ကိုင်းနေတဲ့အထိ။အဲဒီလို ပြည်တည်နာတွေကို လူမြင်ရင် ကျိန်းသေရွံမှာမို့ တခြားသူတွေနဲ့ တွေ့တဲ့အခါ ပြည်တည်နာတွေ မမြင်အောင် ဖွက်ထားရ။အသက်၁၆နှစ် ပြည့်ပြီးခါစ ၁၉၉၀ပြည့်နှစ်၊မုံရွာ ထောင်ထဲ။
ဘာ့ကြောင့် ဝဲပေါက်တာလဲဆိုတော့ အာဟာရမပြည့်ဝခြင်း တစ်ခုတည်းကြောင့်ပါပဲ။ထောင်ထဲမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာကြောင့်ရော မပါဘူးလားဆိုတော့ လုံးဝမပါ။ဘာလို့လဲဆိုတော့ မုံရွာ ထောင်ထဲ ကျနော်တို့ အမှုရင်ဆိုင်ဆဲနိုင်ငံရေးအကျဉ်းသားတွေ နေရတဲ့အဆောင်က မုံရွာထောင်ထဲက သီး သန့်အဆောင်ဖြစ်လို့ပါပဲ။
တောင်ယာအဆောင်လို့ ခေါ်ပါတယ်။အဲဒီအဆောင်က ထောင်မကြီးနဲ့ အုတ်တံတိုင်းငယ်တစ်ခုခြား ထားတာကြောင့် သီးသန့်။တိုးတိုးကြိတ်ကြိတ်နဲ့ဆို လူ၇၀၊၈၀လောက်ဆံ့တဲ့အဆောင်မှာ ကျနော်တို့ နိုင်ကျဉ်း ၁၀ယောက်ကျော်သာ နေရတာမို့ ကြိုက်သလိုအိပ် အကျယ်ကြီး။ပြီးတော့ မနက်ခင်းစောစော ထောင်မနက်စာ ဆန်ပြုတ်သောက်တဲ့အချိန်ဆို တောင်ယာအဆောင်ထဲက ရေကန်ငယ်ထဲ ရေတွေတဝေါဝေါနဲ့ လျှံကျနေ အောင် လာနေသလို နေ့စဉ် ရေ၃-၄ခါ စိတ်ကြိုက်ချိုးချင်လည်း လွတ်လွတ်လပ်လပ် ချိုးခွင့်ရနေတာကြောင့် တစ်ကိုယ် ရည်သန့်ရှင်းရေးအပြည့်။
ထောင်ဝင်စာမလာတော့ မုံရွာနိုင်ကျဉ်းတွေ ပေးတဲ့ ဟင်းလျာ နည်းနည်းပါးပါးနဲ့ ထောင်ပုံစံ ထမင်းဟင်းကိုသာ အားပြုစားရ။နေ့ခင်းစာ ပဲဟင်းကို တခြားအပြင်ကပို့ပေးတဲ့ ဟင်း မပါဘဲ စားနိုင်ပေမဲ့ ညနေဘက် ဟင်းနုနွယ်ပြုတ်ကျတော့ အပြင်ဟင်းလျာမပါဘဲ စားနိုင်ဖို့ တော်တော် ကြိုးစားရ။
ပြဿနာက ကျနော်တို့က မုံရွာနဲ့အနီးတစ်ဝိုက်ကမဟုတ်ဘဲ အဝေးတစ်နေရာကမို့ ထောင်ဝင်စာ ၃-၄ လလောက်မှာ တစ်ခါ လာဖို့တောင်မသေချာ။ထောင်ဝင်စာမလာတော့ မုံရွာနိုင်ကျဉ်းတွေ ပေးတဲ့ ဟင်းလျာ နည်းနည်းပါးပါးနဲ့ ထောင်ပုံစံ ထမင်းဟင်းကိုသာ အားပြုစားရ။နေ့ခင်းစာ ပဲဟင်းကို တခြားအပြင်ကပို့ပေးတဲ့ ဟင်း မပါဘဲ စားနိုင်ပေမဲ့ ညနေဘက် ဟင်းနုနွယ်ပြုတ်ကျတော့ အပြင်ဟင်းလျာမပါဘဲ စားနိုင်ဖို့ တော်တော် ကြိုးစားရ။တစ်ပတ်မှာတစ်ရက် ထောင်ကကျွေးတဲ့ အသားတုံးကလည်း ခပ်သေးသေးမို့ လူတစ်ယောက်အ တွက်လိုအပ်တဲ့ အသားဓာတ်ကို ဘယ်ဖြည့်ပေးနိုင်ပါ့မလဲ။
ထောင်ထဲမှာ ထောင်ဆေးခန်းဆိုတာလည်း မရှိ။တခြားရောဂါတွေအတွက် ဆေးဝါးမပြောနဲ့၊ဝဲပျောက် ဆေးတောင်မပေးနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ကိုယ့်ဘာသာ ပြင်ပကနေ ဝဲပျောက်ဆေးမှာပြီး နိုင်နိုင် လိမ်းလို့သာ ဝဲအစို ပျောက်သွားခဲ့ပြီး ဝဲခြောက်ကတော့ ဘာဆေးလိမ်းလိမ်း မပျောက်တော့ပါဘူး။
ထောင်ကျပြီးနောက် မုံရွာထောင်ကနေ မန္တလေး နန်းတွင်းထောင်ထဲ ဝဲခြောက်လေးကုတ်ကာ ပြောင်းရွှေ့ရပါတယ်။မန္တလေးထောင်ဆိုတာ ထောင်ကြီးမို့ တစ်ကိုယ်ရည်သန့်ရှင်းမှုလည်း အားနည်း။ထောင် ဝင်စာမလာနိုင်လို့ အာဟာရ ပြတ်။ညနေခင်းကျွေးတဲ့ ဟင်းရည်ပြုတ်ရည်ဆိုတာ ထောင်ကမွေးထားတဲ့ ဝက် တွေ တောင် မစားတာကြောင့် ဝက်ခေါင်းခါဟင်းချိုလို့ နာမည်တွင်နေတဲ့အထိ။
မန္တလေး ထောင်မှာ ထောင်ဆေးရုံရှိပြီး ဘာဖြစ်ဖြစ် ဈေးပေါတဲ့ပါရာစီတမောသာတိုက်လေ့ရှိပေမဲ့ မကြာခဏဆိုသလို ဆေးရုံသွားပြဖြစ်၊အာဟာရပြတ်နေတဲ့ အကျဉ်းသားတွေကို အစွမ်းထက်တဲ့ ဆေးတစ်မျိုးမျိုးတိုက်လည်း ဘယ်ပြန်ကောင်းလာပါ့ မလဲ။
အဲဒီဟင်းချိုထဲ တီကောင်တွေရော ရွှံ့တွေပါ ရောထွေးပါနေတာမို့ တစ်ပတ်လောက်ဆက်တိုက် အဲဒီ ဟင်းချိုကို ကြိတ်မှိတ်စားတဲ့လူက ဝမ်းကိုက်ရောဂါ ဖြစ်ဖို့ များတာကြောင့် ညနေစာ ဘာဟင်းမှ မရှိရင် ဆား နဲ့ထမင်းနဲ့ ဆီမပါဘဲ ရအောင်မြိုချခဲ့ရ။
လူက ပိန်လွန်းတော့ လေနည်းနည်းပြင်းလာရင် မလဲအောင် တစ်ခုခုကို ကိုင်ထားရတယ်။မန္တလေး ထောင်မှာ ထောင်ဆေးရုံရှိပြီး ဘာဖြစ်ဖြစ် ဈေးပေါတဲ့ပါရာစီတမောသာတိုက်လေ့ရှိပေမဲ့ မကြာခဏဆိုသလို ဆေးရုံသွားပြဖြစ်၊အာဟာရပြတ်နေတဲ့ အကျဉ်းသားတွေကို အစွမ်းထက်တဲ့ ဆေးတစ်မျိုးမျိုးတိုက်လည်း ဘယ်ပြန်ကောင်းလာပါ့ မလဲ။
ခန္ဓာကိုယ်ထဲမှာ အဆီဓာတ်နဲ့အသားဓာတ်တွေ လိုနေတယ်။အဲဒါကြောင့် ထောင်ကနေပြန်ထွက်လာ ရင် အစားချင်ဆုံးအစာကို စဉ်းစားလိုက်တိုင်း အဆီအဆိမ့်တွေပါတဲ့ ဒံပေါက်၊ဖါလူဒါ၊အုန်းထမင်း၊ဝက်သား တုတ်ထိုး…တွေသာ ထိပ်ဆုံးက။အိပ်မက်ထဲ အစားအသောက်တွေ စားနေသလို စားလိုက်တိုင်း အဆီအဆိမ့် တွေချည်း။ထောင်ဆိုတာ အိမ်မဟုတ်တော့ အလကားနေရင်း စိတ်ဆင်းရဲနေရတဲ့နေရာ။ထောင်ဝင်စာမလာ၊ ငပိကြော်လေးတောင် နပ်မမှန်တော့ စိတ်ဓာတ်သာကျခဲ့ရင် သေဖို့ရာ အဆင်သင့်ဖြစ်နေတဲ့ နေရာမျိုး။ဒီနေရာ မှာ ဒင်းတို့လက်ထဲ အသေမခံနိုင်ဘူးဆိုတဲ့စိတ်ကြောင့်သာ မသေခဲ့တာပေါ့။
တမင်ကို ထောင်ဝင်စာတွေ့ဖို့ ငွေနဲ့အချိန်တွေ ပိုကုန်အောင်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျွဲကူးရေ ပါဆိုသလို ထောင်ဝင်စာအလာနည်းတော့ ပြင်ပဟင်းလျာတွေ အစားရနည်းကာ အာဟာရလည်းချို့တဲ့စေ ပါတယ်။
ကျနော်တို့က ကိုယ့်အိမ်ကိုယ့်ယာနဲ့ဝေးဝေး မုံရွာမှာ အဖမ်းခံရလို့သာ အိမ်နဲ့ဝေးတဲ့ထောင်တွေမှာ နေခဲ့ရတာ။၁၉၉၆ခုနှစ် ရန်ကုန်ကျောင်းသားလှုပ်ရှားမှုအပြီး အင်းစိန်ထောင်ထဲ ရောက်ကုန်ကြတဲ့ ကျောင်း သားတွေကိုတော့ ပိုယုတ်မာတတ်လာတဲ့စစ်အစိုးရက တခြားနယ်ထောင်တွေဆီ ပြောင်းရွှေ့ပါတော့တယ်။ ပြောင်းရွှေ့တဲ့ရည်ရွယ်ချက်ကတော့ နိုင်ကျဉ်းမိသားစုတွေ ထောင်ဝင်စာ မကြာခဏလာမတွေ့နိုင်အောင်ပဲ ဖြစ်ပါတယ်။တမင်ကို ထောင်ဝင်စာတွေ့ဖို့ ငွေနဲ့အချိန်တွေ ပိုကုန်အောင်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျွဲကူးရေ ပါဆိုသလို ထောင်ဝင်စာအလာနည်းတော့ ပြင်ပဟင်းလျာတွေ အစားရနည်းကာ အာဟာရလည်းချို့တဲ့စေ ပါတယ်။
အစွမ်းကုန်ယုတ်မာလာတဲ့ စစ်အစိုးရဟာ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးအပြီးမှာတော့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့သလို ရန်ကုန်သားတွေကို မြစ်ကြီးနားထောင်ပို့၊ကျိုင်းတုံထောင် ပို့။မန္တလေးသား ကို မော်လမြိုင်ထောင်ပို့ တာတွေ တွင်တွင်ကျယ်ကျယ် ကျင့်သုံးကာ ဆက်လက်ဒုက္ခပေးပြန်ပါတယ်။ နိုင်ငံ ရေး အကျဉ်းသားတွေ စိတ်ဓာတ်ကျဆင်းစေဖို့၊အာဟာရပြတ်ကာကျန်းမာရေးချို့ယွင်းစေဖို့ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ဝေးဝေးလံလံ ထောင်ပြောင်းပို့ခြင်းပါပဲ။
အခု အရက်စက်ဆုံး အယုတ်ကမ်းဆုံး မင်းအောင်လှိုင်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တော့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဒုက္ခပေးမှုဟာ ကမ်းကုန်အောင် ဗြောင်ကျပါတော့တယ်။ကိုဗစ်ရောဂါ ကြောင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်တဲ့အပေါ် ပြောစရာမရှိသလို ဒီနေ့အချိန်ထိ ထောင်ဝင်စာ တွေ့ခွင့် မပေးသေးတဲ့အပေါ် လက်ခံလိုက်လို့ ရပါသေးတယ်။
အရင်က ထောင်ပါဆယ် ၂ပတ်တစ်ကြိမ် မပို့နိုင်တဲ့ ရပ်ဝေးနဲ့ အဆင်မပြေတဲ့နိုင်ကျဉ်းတွေကို ထောင်ပါဆယ်ကောင်းကောင်းလာနိုင်တဲ့ နိုင်ကျဉ်းတွေက ခွဲဝေကျွေးမွေးရာ ကနေ အခုကန့်သတ်မှုကြောင့် တစ်ကိုယ်စာလောက်ဌဖို့တောင် အနိုင်နိုင်ဖြစ်လာပါတော့တယ်။
စစ်အုပ်စုဟာ ကိုဗစ်အကြောင်းပြချက်နဲ့ ထောင်ထဲရောက်အကျဉ်းသားမှန်သမျှဆီသူတို့ရဲ့ မိသားစုဝင် တွေ ကို လူချင်းတွေ့ခွင့်မပေးဘဲ(ထောင်ဝင်စာတွေ့ခွင့်မပေးဘဲ) ၂ပတ် တစ်ကြိမ်သာ ထောင်ပါဆယ်ပေးခွင့် ပြု ပါ တယ်။ထောင်ဝင်စာဆိုတာက ထောင်ထဲရောက်နေသူနဲ့ သူ့ရဲ့မိသားစုဝင်တို့ ထောင်ဗူးဝရှိ ထောင်ဝင် စာအခန်းမှာ လူချင်းတွေ့ဆုံစကားပြောကာ စားစရာနဲ့ ဆေးဝါးတွေ လူကိုယ်တိုင် ပေးခြင်းဖြစ်ပြီး ထောင်ပါ ဆယ်ကတော့ လူချင်းမတွေ့ရဘဲ စားစရာတွေသာ မျက်ကွယ်ပေးပို့နိုင်ခြင်းဖြစ်ပါတယ်။
ကိုဗစ်အကြောင်းပြချက်နဲ့ လူချင်းမတွေ့ရဘဲ ၂ပတ်တစ်ကြိမ် ထောင်ပါဆယ် ပေးခွင့်ပြုရာကနေ အကျဉ်းဦးစီးညွှန်ချုပ်အဖြစ် မိုးကျရွှေကိုယ် မျိုးဆွေ ရောက်လာပြီးနောက် ဩ ဂုတ်၁၅ရက်ကစလို့ ထောင်ပါ ဆယ်ပစ္စည်းတွေကို ကန့်သတ်လိုက်ပါတော့တယ်။
ထောင်ပါဆယ်အဖြစ် ကော်ဖီထုပ် အထုပ်သေး ၇ ထုပ်၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ငပိကြော် ၂၀ သား၊ အသားဟင်းတစ်မျိုးနဲ့ မုန့်တစ်မျိုးသာ ပေးပို့ရမယ်လို့ ကန့်သတ်လိုက်တာကြောင့် အကျဉ်းသားတွေ အကုန် စားရေးသောက်ရေးဒုက္ခရောက်ရပါတော့တယ်။အရင်က ထောင်ပါဆယ် ၂ပတ်တစ်ကြိမ် မပို့နိုင်တဲ့ ရပ်ဝေးနဲ့ အဆင်မပြေတဲ့နိုင်ကျဉ်းတွေကို ထောင်ပါဆယ်ကောင်းကောင်းလာနိုင်တဲ့ နိုင်ကျဉ်းတွေက ခွဲဝေကျွေးမွေးရာ ကနေ အခုကန့်သတ်မှုကြောင့် တစ်ကိုယ်စာလောက်ဌဖို့တောင် အနိုင်နိုင်ဖြစ်လာပါတော့တယ်။
ဘာ့ကြောင့် ထောင်ပါဆယ်ကန့်သတ်လိုက်တာလဲဆိုတော့ ရေရာတဲ့ အကြောင်းပြချက်မရှိပါဘူး။ ထောင်ထဲမှာ နိုင်ကျဉ်းတွေ အာဟာရချို့တဲ့ပြီး စိတ်ဓာတ်ကျဆင်းလာမလားဆိုပြီး ဗြောင်ကျကျ ဖိနှိပ်ခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာ့အဆင့် ခေါင်းဆောင်တစ်ဦးကိုတောင် ထောင်ပြင်ပဆရာဝန်နဲ့ ကျန်းမာရေးကုသခွင့် မပေးသေးတာဆိုတော့ ကျန် နိုင်ငံရေးအကျဉ်းသားတွေ အတွက် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်အားနည်းနေတာ ဘာမှမဆန်းတော့ပါဘူး။
အခုစက်တင်ဘာ၂၄ရက်မှာပဲ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားလူငယ် ကိုမင်းဟိန်းခန့် နှလုံးရပ်ပြီး ကျဆုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ဘာမှမရှိခြင်းကို ဖော် ပြနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာ့အဆင့် ခေါင်းဆောင်တစ်ဦးကိုတောင် ထောင်ပြင်ပဆရာဝန်နဲ့ ကျန်းမာရေးကုသခွင့် မပေးသေးတာဆိုတော့ ကျန် နိုင်ငံရေးအကျဉ်းသားတွေ အတွက် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်အားနည်းနေတာ ဘာမှမဆန်းတော့ပါဘူး။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပေးပို့တဲ့ ထောင်ပါဆယ် ရိက္ခာကိုလည်း ကန့်သတ်၊ထောင်ပုံစံထမင်းဟင်း ဆိုတာ က စားလို့ရတယ်ဆို ရုံ၊ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုကလည်း ရေရေရာရာ မရှိလေတော့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံ ရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ အသေသတ်ရန် ကြံစည်နေခြင်း ဖြစ်ကြောင်း ကောက်ချက်ချရပါမယ်။
ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စုစည်းမှုရှိပြီး စိတ်ဓာတ်ခွန်အား ပထမတန်းစားအဆင့်ဆိုတာ မမေ့ဖို့လိုပါတယ်။စစ်အုပ်စုရဲ့ နေဝင်ချိန် မဝေးတော့ဘူးဆိုတာကိုလည်း စစ်အုပ်စုဝင်တွေ ကောင်းကောင်း သိထားဖို့ လိုပြီဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။