ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ သစ်ချဆိပ် ရှေ့တန်းစခန်းကို KNU/KNLA တပ်မဟာ (၃) လက်အောက်ခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၅ နာရီမှာ စတင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁ ရက် ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ သစ်ချဆိပ် ရှေ့တန်းစခန်းကို အခုလို နာရီပေါင်း ၃၀ ကျော်ကြာ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီး အောင်ပွဲရခဲ့တဲ့ ရှေ့တန်းပြန် တော်လှန်ရေးရဲဘော်တွေကို ဒေသခံ ပြည်သူလူထုတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
ရှေ့တန်းပြန်ရဲဘော်တွေကို ဒေသခံပြည်သူတွေက ပန်းကုံးတွေ၊ ပန်းစည်းတွေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုတဲ့ မှတ်တမ်းရုပ်သံကို Spring Warriors Column က မနေ့က စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
"သစ်ချဆိပ် စခန်းသိမ်းတိုက်ပွဲမှာ အသက် ပေးလှူသွားတဲ့ တပ်စုမှူး တက်တူးနဲ့ ရဲဘော်ဂျက်တို့ကိုသာ မဆုံးရှုံးခဲ့ရရင် ဒီထက်မက ပိုပျော်ရွှင်စရာ ပိုကြည်နူးစရာ ကောင်းမှာပေါ့ဗျာ။ အရမ်းပျော်တက်တဲ့ ကျနော်တို့ရဲ့ ချစ်ညီကို တတ်တူးနဲ့ ဂျက်တို့ကို အရမ်းသတိရမိတယ်”လို့ Spring Warriors Column ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာလည်း ရဲဘော် ၂ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ ကွန်မန်ဒို စိန်ပြောင်း ၂ လက်၊ စက်လက် (၁) လက် အပါအဝင် သေနတ်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။