Spring Pyin Oo Lwin Investment က ဖေါ်ထုတ်ထားတဲ့ Federal Springs (ဖက်ဒရယ်စမ်းရေ) မြေကွက်တွေကို မြန်မာစံတော်ချိန် အောက်တိုဘာလ (၇)ရက် ညဦးပိုင်းမှာ စတင်ရောင်းချမယ်လို့ The End of Dictatorship က ဆိုပါတယ်။
ဖယ်ဒရယ်စမ်းရေ အိမ်ရာစီမံကိန်းအဖြစ် တပ်မတော်နည်းပညာတက္ကသိုလ်အနီး မြေဧက (၃၀၀)လောက်ကို စီးပွားရေးလုပ်ငန်းသုံးနဲ့ အိမ်ရာမြေတွေ ဖော်ထုတ်သွားမှာဖြစ်ပြီး စီးပွါးရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ x ပေ ၂၀၀ အကွက်တွေကို မန္တလေး-လားရှိုးလမ်းမကြီးဘက်ခြမ်းမှာ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
စီမံကိန်းအတွင်းဘက်မှာ ပေ ၄၀ x ပေ ၈၀ အကွက်၊ ပေ ၈၀ x ပေ ၈၀ အကွက်နဲ့ (၁)ဧက အကွက်တွေကို လူနေအိမ်ရာမြေကွက်တွေ အဖြစ် ဖော်ထုတ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
“တော်လှန်ရေး အောင်ဖို့အတွက် ဘဏ္ဍာရေးစစ်မျက်နှာမှာ အနိုင်ရဖို့က အရေးကြီးတယ်။ ဘဏ္ဍာရေးစစ်နဲ့ ပတ်သက်ရင် (၂)ပိုင်းပဲရှိတယ်။ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေ ရှာဖို့ရယ်၊ စစ်ကောင်စီရဲ့ ဝင်ငွေ ရပေါက်ရလမ်းတွေကို ပိတ်ပင်ဖို့ရယ်ပဲ”လို့ ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဒီမြေကွက်တွေဟာ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးလှတဲ့ တော်လှန်ရေး ရန်ပုံငွေ ရရှိဖို့ အများပြည်သူသို့ ရောင်းချပေးခြင်း ဖြစ်ပါတယ်။
ဝယ်ယူသူတွေဟာ မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေးရဲ့ သုံးပုံတစ်ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်း နဲ့ တော်လှန်ရေး ကာလအပြီး ဆိုပြီး ပိုင်းခြားပေးသွင်းရမှာပါ။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။