Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒေါ်အောင်ဆန်းစုကြည်ရဲ့သား Kim Aris နဲ့ ရောမရောက် မြန်မာပြည်ဖွားတွေ တွေ့ဆုံမယ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ်  Kim Aris နဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ အီတလီနိုင်ငံ၊ ရောမမြို့မှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။


Kim Aris ဟာ ပါးမားမြို့ရှိ Italy Burma Friendship အဖွဲ့အစည်းရဲ့ ဖိတ်ကြားမှု အရ အီတလီနိုင်ငံသို့ ရောက်ရှိနေပြီး ဒေသစံတော်ချိန် အောက်တိုဘာ (၁)ရက်၊ ညနေ (၆)နာရီလောက်မှာ Largo di Torre Argentina ရင်ပြင်ရှိ Viia di San Nicola di Cesarini မှာ တွေ့ဆုံကြမယ်လို့ Myanmar Community In Italy က သတင်းထုတ်ပြန်ပါတယ်။


Kim Aris နဲ့ အီတလီမြောက်ပိုင်းနေ မြန်မာညီအစ်ကိုမောင်နှမတွေ ပါးမားမြို့မှာ တွေ့ဆုံခဲ့ကြကြောင်းလည်း Myanmar Community In Italy က စက်တင်ဘာ (၂၈)ရက်မှာ ထုတ်ပြန်ပါတယ်။


Kim Aris ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ကူညီနေသူတစ်ဦး ဖြစ်သလို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အားစိုက် ကြိုးပမ်းနေပါတယ်။


~~~~~~~~~~

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။