Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြိုင်သို့ ဝင်လာတဲ့ ခြေလျင်စစ်ကြောင်းကို ဗုံး ၄၅ လုံးကြဲ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူကနေ မြိုင်သို့ ဝင်လာတဲ့ ခြေလျင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး (၄၅)လုံး ကြဲချခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာ (၂၈)ရက်၊ မနက် (၉)နာရီကျော်ကစပြီး ပခုက္ကူကနေဝင်လာတဲ့ ခြေလျင် စစ်ကြောင်း မြိုင်မြို့ နယ်၊ ညောင်တွင်းအရှေ့ရွာအရောက်မှာ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး စစ်သား (၆)ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


ဒဏ်ရာရ စစ်သားတွေကို ညနေ (၃)နာရီ၊ မိနစ်(၅၀)လောက်မှာ ပခုက္ကူဆေးရုံသို့ ကားနဲ့ ပို့ဆောင်လိုက်ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။


“ကျနော်တို့ဆေးရုံသတင်းအရတော့ ထိတဲ့ (၆)ကောင်မှာ (၅)ကောင်ကတော့ ပင်စင်စား စာအုပ်ရောင်း ဘဝရောက်မယ် ကြားတယ်” လို့ ပခုက္ကူ PDF ထောက်ပို့တစ်ဦးက ပြောပါတယ်။


စက်တင်ဘာ (၂၈)ရက်၊ ညနေ (၅)နာရီ၊ (၁၅)မိနစ်ကလည်း ပခုက္ကူ တပ်မ-၁၀၁ ကနေ ထွက်လာတဲ့ စစ်ကား (၆၀)လောက်ကို ပခုက္ကူ-ကမ္မ လမ်းပိုင်းတစ်နေရာမှာ မြိုင်ပကဖ နဲ့ Black Cobra PKU တို့မိုင်းဆွဲခဲ့ရာ ကားတစ်စီးရပ်သွားကာ ကျန်ကားတွေလည်း ဆက်လက် ထွက်ခွာနိုင်ခြင်း မရှိတော့ကြောင်း အဲဒီစစ်ကြောင်းက လက်နက်ကြီး၊ ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ပခုက္ကူနဲ့  ကမ္မကြားလမ်းဘေးအနီးရှိ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးကြရကြောင်း မြိုင်ပကဖ ကဆိုပါတယ်။

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။