Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တနင်္သာရီ၊ ညောင်ပင်ကွင်း စစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်၊ အရာခံဗိုလ်နဲ့စစ်သား ၁ ဦး သေ

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ တံတားစစ်ဆေးရေးဂိတ်ကို ဒီနေ့မနက်ပိုင်းမှာ PDF တွေက သွား ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်နဲ့ စစ်သား (၁)ဦး တို့ သေဆုံးကြောင်း သိရပါတယ်။


ဒီနေ့ စက်တင်ဘာ (၂၈)ရက်၊ မနက် (၅)နာရီ (၄၅)မိနစ်လောက်က အဲဒီစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား (၁)ဦးလည်း ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


“အရာခံဗိုလ်သေတယ် ဆိုတာတော့ ဒေသခံတွေ ပြောကြတယ်။ သေတာတွေ့တဲ့လူတွေလည်း တွေ့ တယ်တဲ့။ နောက်ထပ်စစ်သားသေတယ်လို့တော့ မကြားမိဘူး။ အဲဒီဂိတ်မှာက စစ်သားနဲ့ပျူတွေ စောင့်တာ။ စောင့်တယ်ဆိုတာက ဖြတ်သွားတဲ့ယာဉ်တွေကို ငွေကောက်တာ လို့ ပြောရင်ပိုမှန်မယ်။ ဆက်ကြေးပေါ့” လို့ တနင်္သာရီမြို့ခံတစ်ဦးက ပြောပါတယ်။


ညောင်ပင်ကွင်းရွာ တံတားစစ်ဆေးရေးဂိတ်မှာ ခမရ-၅၆၁ တပ်ရင်းက စစ်သားတွေနဲ့ ပျူစောထီးတွေ စောင့်ကာ ဆက်ကြေးတောင်းကြောင်း သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၁) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။


ခမရ-၅၆၁ တပ်ရင်းကနေ စစ်သားတွေ မကြာခဏ ထွက်ပြေးနေပြီး ဒီလထဲမှာ တနင်္သာရီ ပကဖ ထံသို့ ခမရ-၅၆၁က တပ်သားတစ်ဦး လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၃၆)သိန်း ပေးအပ်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။


~~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။