မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကင်းထောက်ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၂၈)ရက်၊ မနက် (၁၀)နာရီ မိနစ် (၄၀)လောက်က မြိုင်မြို့ရဲ့ အနောက်ဘက်မှာ အကြမ်းဖက်စစ်အုပ်စုက လွှတ်လိုက်တဲ့ ကင်းထောက်ဒရုန်းကို ပစ်ချခဲ့ရာ မြိုင်မြို့ အနောက်ဘက်သင်္ချိုင်းနားမှာ ဒရုန်း ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။
ပျက်ကျသွားတဲ့ ဒရုန်းကို စစ်သား၊ ရဲနဲ့ပျူစောထီးတို့ လိုက်ရှာနေစဉ် PDF တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မြိုင်အနောက်ဘက် ကိုးဆောင်ဘုန်းကြီးကျောင်းဘန်ကာ အနီးကနေ ထွက်လာတဲ့ စစ်သားတစ်ဦးလဲကျသွားကာ ကျန်စစ်အုပ်စုဝင်တွေလည်း ဒဏ်ရာရသွားကြောင်း မြိုင်ပကဖ ကဆိုပါတယ်။
“ဒါ ကျနော်တို့နယ်ဘက်မှာတော့ စခ ဒရုန်းကို ပစ်ချနိုင်တာ ပထမဆုံးလို့ ထင်တယ်။ ခွေးတွေ ထင်ရာမစိုင်းရဲအောင် မြိုင်ပကဖ က သက်သေပြလိုက်တာပဲ” လို့ မြိုင် PDF တွေနဲ့ နီးစပ်သူတစ်ဦး ကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၂)ဦး မိုင်းမတော်တဆမှုဖြစ်ကာ သာမန်ဒဏ်ရာ ရရှိသွားတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖ ကထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။