အာဏာသိမ်းဖက်ဆစ်အုပ်စုခေါင်းဆောင် မအလရဲ့ ကာချုပ်ရာထူးကို ဆက်ခံမယ့်သူအဖြစ် နာမည်ကြီးနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့အုပ်စုကို အရေးယူလိုက်သတင်းတွေ အုတ်အော်သောင်းတင်းတွေ့လိုက်ရတယ်။ ဒါဟာ ဘာကိုပြနေပြီလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ အတွင်းရန်ရှင်းတဲ့ အဓိပ္ပာယ်လို့ပဲ ဆိုရပါမယ်။ မြန်မာပြည်ရဲ့ အာဏာရှင်အဆက်ဆက်အကြောင်း လေ့လာဖူးရင် ဘာမှ သိပ်အံ့သြစရာ မရှိဘူးဆိုတာကိုတော့ ကောက်ချက်ချလို့ရပါတယ်။
အာဏာရှင်မျိုးစိတ်ကို စချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ အားအကိုးရဆုံးတို့၊ ညာလက်ရုံး ဘယ်လက်ရုံးတို့ ဆိုသူတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဗိုလ်နေဝင်းရဲ့ အစောဆုံးလက်ရင်းတပည့်တွေဖြစ်တဲ့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ အဖြစ်တွေကို လေ့လာကြည့်ပါ။ ပြောရရင် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့စဥ်က ဗိုလ်နေဝင်းရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးလို့ တင်စားခဲ့ကြရသူတွေ ဖြစ်ပါတယ်။ လာရာ နိုင်ငံရေးဘက်ဂဒေါင်းကလည်း ဆိုရှယ်လစ်အုပ်စုအချင်းချင်း သန္ဓေအတူတူချင်းတွေ ဖြစ်ပါတယ်။
ဗိုလ်နေဝင်း ဖြုတ်ထုတ်ခဲ့တဲ့ ထင်ရှားတဲ့ ဥပမာတချို့ကို ပြပါ့မယ်။ တပ်တွင်းမှာ ဗိုလ်နေဝင်းဟာ သူသာလျှင် ဧကရာဇ်မင်းကဲ့သို့ အကြည်ညိုခံချင်ပါတယ်။ သူ့ကိုခွာရာတိုင်းမယ့်သူ ဘယ်သူ့ကိုမဆို ရှင်သန်ခွင့်မပေးပါဘူး။ သူ ချီးမြှင့်မြှောက်စားခဲ့လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ NLD ဦးတင်ဦးတစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးအကြောင်းကို သိကြပါလိမ့်မယ်။ စစ်သားပီသတဲ့ စိတ်ဓာတ်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦးဟာ တပ်တွင်းမှာ သူ့လက်အောက်ငယ်သားတွေရဲ့ လေးစားကြည်ညိုခြင်းကို ခံရသူဖြစ်ပါတယ်။ ဒီသတင်း ဗိုလ်နေဝင်း "နား"ကို ပေါက်လာတဲ့အခါ ဗိုလ်နေဝင်း ကျွဲမြီးတိုလာတော့တာပါပဲ။ မကြာခင်မှာပဲ ဦးတင်ဦးကို ပြစ်ချက်ရှာကာ လာဘ်ပေးလာဘ်ယူမှုနဲ့ ဖြုတ်ထုတ်ရှင်းခဲ့ပါတယ်။
ဗိုလ်နေဝင်းရဲ့ မြှောက်စားမှုနဲ့ တိုင်းပြည်ရဲ့ ဦးသျှောင် နံပါတ် "တစ်" ဗိုလ်နေဝင်းနဲ့ နံပါတ်"နှစ်" ဗိုလ်စန်းယုကြားက "တစ်ခွဲ" အဖြစ် နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ တစတစနဲ့ မျက်မှန်တင်ဦးရဲ့ တန်ခိုးသြဇာအာဏာဟာ သူတို့အတွင်းစည်းမှာပါ ဖိန့်ဖိန့်တုန်အောင် ထက်ခဲ့ပါတယ်။
နောက်တစ်ဦးက မဆလခေတ်မှာပဲ ဗိုလ်နေဝင်းရဲ့ မွေးစားသားလည်းဖြစ်တဲ့ ထောက်လှမ်းရေးအကြီးအကဲ မျက်မှန်တင်ဦးကို မှတ်မိကြမယ် ထင်ပါတယ်။ မဆလခေတ်တစ်လျှောက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မင်္ဂလာဒုံစစ်ကြောစခန်း ရေကြည်အိုင်ရဲ့ အရှင်သခင်တစ်ယောက်ပေါ့။ ဗိုလ်နေဝင်းရဲ့ မဆလကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြသူများကို စစ်ကြောခဲ့ရာမှာ အလွန်နာမည်ကြီးခဲ့တယ်။ ဗိုလ်နေဝင်းရဲ့ မြှောက်စားမှုနဲ့ တိုင်းပြည်ရဲ့ ဦးသျှောင် နံပါတ် "တစ်" ဗိုလ်နေဝင်းနဲ့ နံပါတ်"နှစ်" ဗိုလ်စန်းယုကြားက "တစ်ခွဲ" အဖြစ် နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ တစတစနဲ့ မျက်မှန်တင်ဦးရဲ့ တန်ခိုးသြဇာအာဏာဟာ သူတို့အတွင်းစည်းမှာပါ ဖိန့်ဖိန့်တုန်အောင် ထက်ခဲ့ပါတယ်။ တချို့ကိစ္စတွေဆိုရင် ဗိုလ်နေဝင်းတောင် မသိဘဲ စီမံခဲ့တာမျိုးတွေထိ ဖြစ်လာပါတယ်။ ချုံ့ပြောရရင်တော့ ဗိုလ်နေဝင်း တင်းလာတော့ လာဘ်ပေးလာဘ်ယူကိစ္စကို အကြောင်းပြပြီး ရှင်းထုတ်ခံရတာပါပဲ။ မျက်မှန်တင်ဦးဟာ သူကိုယ်တိုင် တိုက်ရိုက်မဟုတ်သော်ငြားလည်းပဲ သွယ်ဝိုက်တဲ့နည်းနဲ့ လာဘ်ပေးလာဘ်ယူမှု ဖြစ်စေခဲ့တဲ့ ဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဦးဘိုနီရဲ့အမှုတွဲနဲ့အတူ ရှင်းထုတ်ခံလိုက်ရပါတယ်။
သည်လိုပဲ နဝတခေတ် ဗိုလ်စောမောင်လက်ထက်မှာတော့ သက်တမ်းတိုတိုနဲ့ သူကိုယ်တိုင် ဖြုတ်ထုတ်ရှင်းခံလိုက်ရတယ်။ ဒါဟာလည်း ဗိုလ်နေဝင်း လက်တံရှိနေသေးချိန်က ခြေရာလက်ရာပါပဲ။ နအဖ အာဏာရှင်ခေတ်တစ်လျှောက်မှာတော့ ဦးသျှောင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေဟာလည်း သူ့ခေတ်မှာ ဖြုတ်ထုတ်ရှင်းတွေ အများကြီးလုပ်ခဲ့တာပါပဲ။ သိပ်အသုံးမဝင်တဲ့ ဌာနဆီ ဘေးတိုက်ရွှေ့ ချောင်ထိုးလိုက်တာတို့၊ ဖြုတ်ထုတ်ရှင်းလိုက်တာတို့ များစွာရှိခဲ့ပါတယ်။ သည်ထဲမှာမှ အထင်ရှားဆုံးကတော့ ဗိုလ်ခင်ညွန့်ကို ဖြုတ်ထုတ်ရှင်းလိုက်တဲ့ကိစ္စမှာဆိုရင် တစ်တိုင်းပြည်လုံးတင်မက ကမ္ဘာကပါ သိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတန်ခိုး ဘယ်လောက်ထိအောင် ထွားခဲ့သလဲဆိုရင် သူ့တပည့်သာဝကတွေ တပ်ကြပ်အဆင့်လောက်ဟာ မြို့နယ်အဆင့် မဝတဥက္ကဌကို အိတ်ထဲထည့်ထားနိုင်ပါတယ်။ ဗိုလ်ခင်ညွန့်ကိုယ်တိုင်လည်း ကိုယ်ပိုင်တပ်ထောင်တဲ့အဆင့်ထိ ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။
တကယ်တမ်းတော့ အာဏာရှိသူနဲ့ ပိုက်ဆံရှိသူကြားမှာပဲ အစဥ်ထာဝရ "ဒစ်လည်" နေတဲ့ တိုင်းပြည်ကြီးမှာ လာဘ်ပေးလာဘ်ယူဆိုတာဟာ ထူးခြားဆန်းကြယ်ကိစ္စ မဟုတ်တာကို ဉာဏ်ရှိသူတိုင်း ဆန့်ထွက်တွေးကြည့်ရင် အဖြေထွက်ပါတယ်။
တဖြည်းဖြည်းနဲ့ တစ်မိုးလုံးဖျောက်ဆိတ်ဖြစ်လာတဲ့ ဗိုလ်ခင်ညွန့်ဟာ တီဗွီမင်းသားလုပ်ရုံတင်မက အာဏာမင်းသားပါ ဖြစ်လာနိုင်ခြေရှိလာလို့ ဗိုလ်သန်းရွှေက ဖြုတ်ထုတ်ရှင်းလုပ်လိုက်ရတာပါပဲ။ ပုဒ်မခေါင်းစဥ်ကတော့ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပဲ ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့် ခင်းပေးတဲ့ Road map ကို မစွန့်ဘဲ ဖက်တွယ်ခဲ့သည့်တိုင် အာဏာဖက်ပြိုင်လာနိုင်ရင်တော့ အပြတ်ရှင်းတတ်ကြတာ အာဏာရှင်တိုင်းရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုပဲ ဖြစ်ပါတယ်။
အခုလည်း အာဏာသိမ်းဖက်ဆစ်တပ်မှာ ထိပ်ပိုင်းက တစ်ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့အုပ်စုကိုလည်း လာဘ်စားမှုလို့ ခေါင်းစဥ်တပ်ထားပါတယ်။ တကယ်တမ်းတော့ အာဏာရှိသူနဲ့ ပိုက်ဆံရှိသူကြားမှာပဲ အစဥ်ထာဝရ "ဒစ်လည်" နေတဲ့ တိုင်းပြည်ကြီးမှာ လာဘ်ပေးလာဘ်ယူဆိုတာဟာ ထူးခြားဆန်းကြယ်ကိစ္စ မဟုတ်တာကို ဉာဏ်ရှိသူတိုင်း ဆန့်ထွက်တွေးကြည့်ရင် အဖြေထွက်ပါတယ်။ နောက်တစ်မှုဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးကနေ ဘေးတိုက်ရွှေ့လိုက်ပြီး အခု အစစ်ဆေးခံနေရပြီဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအဝင် အမှုတွဲ ဖြစ်ပါတယ်။ အထူးလျှို့ဝှက်စည်းဝေးသတင်း ပေါက်ကြားမှုကြောင့် စုံစမ်းစစ်ဆေးခံရတယ်လို့ သတင်းထွက်ပါတယ်။ အခုတော့ ရဲမှူးချုပ်တွေ၊ ရဲမှူးကြီးတွေထိ မီးခိုးကြွက်လျှောက် ဖြစ်လာခဲ့ပြီ။ နောက်ဆုံးစွဲချက်ကတော့ ထုံးစံအတိုင်း လာဘ်ပေးလာဘ်ယူကိစ္စပဲ ဖြစ်ပါတယ်။ မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ အရေးယူခံရမှုဟာ ဆက်နွှယ်မှု ရှိတယ်၊ မရှိဘူး ဆိုတာတော့ မသိရသေးပါဘူး။
ဒီလိုအခြေအနေမှာ နွေဦးတော်လှန်ရေးဘက်ခြမ်းက ဦးဆောင်ဦးရွက်ပြုသူတွေရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်မှုနဲ့ တစ်တိုင်းပြည်လုံးရဲ့ စည်းလုံးညီညွတ်မှုကသာလျှင် "အဆင်းဘီးတပ်ပေးနိုင်မယ့်အား" ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
ရာထူးဌာန္တရတွေလည်း မကြာခဏဆိုသလို ဟိုပြောင်းဒီရွှေ့တွေ အတော်လုပ်လာပါတယ်။ အခုဆို ထိပ်ပိုင်းက မအလ လက်သပ်မွေးထားတဲ့ ခေါင်းကြီးတွေထိ အရေးယူမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် မအလရဲ့ အတွင်းစည်းပြိုကွဲနေပြီဖြစ်ကြောင်းပြတဲ့ သက်သေတွေလို့ပဲ ဆိုချင်ပါတယ်။ မအလအောက် တစ်ဆင့်နိမ့်ရာထူးကြီးသူတွေဟာ အုပ်စုဖွဲ့စပြုနေပြီဆိုတဲ့အဓိပ္ပာယ်လည်း ဖြစ်နိုင်ပါတယ်။ အဆုံးမှာတော့ မအလဖက်ဆစ်အုပ်စုအတွင်း၌ မြိုက်စားကျွမ်းလောင်ပြီး နိဂုံးချုပ်ကြဖို့ သေချာနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ နွေဦးတော်လှန်ရေးဘက်ခြမ်းက ဦးဆောင်ဦးရွက်ပြုသူတွေရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်မှုနဲ့ တစ်တိုင်းပြည်လုံးရဲ့ စည်းလုံးညီညွတ်မှုကသာလျှင် "အဆင်းဘီးတပ်ပေးနိုင်မယ့်အား" ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။