Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရန်ကုန်-ထားဝယ်လမ်းမပေါ် ထင်ရာစိုင်းနေတဲ့ စစ်တပ်ကို ရှင်းလင်းနိုင်ရေး ပြည်သူတွေ ပူးပေါင်းဖို့ လို

ရန်ကုန်-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် အကြမ်းဖက်စစ်တပ် စိတ်တိုင်းကျသွားလာနေမှုအပေါ် ဟန့်တားနိုင်ရေးအတွက် ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ ထားဝယ်အခြေစိုက် PDF ၃ ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ရန်ကုန်-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် အင်အားဖြည့်တင်းခြင်းနဲ့ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ သယ်ယူပို့ဆောင်နေခြင်းကို PDF တပ်ဖွဲ့တွေက တားဆီးနိုင်ရေးအတွက် ဒေသခံတွေအနေနဲ့ PDF တွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် လေးစားလိုက်နာပေးစေလိုကြောင်း ထားဝယ်အခြေစိုက် PDF ၃ ဖွဲ့က ဆိုပါတယ်။


ရန်ကုန်-ထားဝယ်ကားလမ်းမပေါ် ည ၆ နာရီကနေ မနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုဖို့၊ စစ်ကားတွေနဲ့ အနီးကပ်မောင်းနှင်ခြင်းမပြုဖို့နဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို ကြည်ဖြူစွာလက် ခံဖို့ မေတ္တာရပ်ခံထားပါတယ်။


“မဖြစ်နိုင်တာတွေကို လိုက်နာခိုင်းတာလည်း မဟုတ်ပါဘူး။ အဓိကကတော့ ညဘက် လမ်းပေါ်တက်လာတဲ့ကားကို စစ်ကားအဖြစ်သတ်မှတ်ပြီး မျက်လုံးစုံမှိတ်တိုက်နိုင်ဖို့က ပြည်သူ့ကားတွေ ညဘက် လမ်းပေါ်လုံးဝမတက်ဖို့က သိပ်အရေးကြီးပါတယ်။ ပြည်သူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ မေတ္တာရပ်ခံရတာပါ”လို့ ထားဝယ်ပကဖ ရဲဘော်တစ်ဦးကပြောပါတယ်။


PDF တွေရဲ့ ထုတ်ပြန်ချက်ကို လေးစားလိုက်နာခြင်းဟာ တော်လှန်ရေးကို အထောက်အကူဖြစ်စေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


အဲဒီထုတ်ပြန်ချက်ကို DGRF (ပကဖ-ထားဝယ်)၊ဝေဟင်အဖွဲ့ (ပကဖ-ရေဖြူ)နဲ့ Dawei Defense Team(DDT) (ပကဖ-ထားဝယ်) တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။