အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ The Elders အဖွဲ့တို့ နယူးယောက်မြို့မှာ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ဟာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက The Elders အဖွဲ့ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
The Elders ရဲ့ ဥက္ကဋ္ဌ နဲ့ အိုင်ယာလန်နိုင်ငံ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊ မွန်ဂိုးလီးယားနိုင်ငံ သမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ သမ္မတဟောင်း H.E. Mr Juan Manuel Santos အပါအဝင် The Elders ရဲ့ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့နဲ့ မြန်မာ့အရေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရပါတယ်။
The Elders အဖွဲ့ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေက သမ္မတဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။