Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တန့်ဆည်မြို့ပေါ်က အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို PDF ဝင်စီး၊ စစ်အုပ်စုဝင် ၂၀ ကျော်သေ၊ သေနတ် ၁၅ လက် သိမ်းဆည်းမိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်း နှစ်ခုကို ဒေသတွင်း PDF တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲနဲ့ပျူစောထီး  (၂၀)ကျော် သေဆုံးပြီး သေနတ် (၁၅)လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


ဒီနေ့ စက်တင်ဘာ (၂၂)ရက် မနက် ၁၂ နာရီခွဲကနေ စတင်လိုက်တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၃ နာရီလောက်ကြာခဲ့ပြီး စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာနဲ့ လဝက ရုံးနေရာတို့ ကို PDFတွေက စီးနင်းခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ Taze Newsက သတင်း ထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုအပြီး အရာရှိကိုင် ခြောက်လုံးပြူးတစ်လက် အပါအဝင် လက်နက်မျိုးစုံ (၁၄)လက် နဲ့ ခဲယမ်းမျိုးစုံ (၁၀၀၀)ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။


ဒီနေ့မနက်ပိုင်းမှာ  တန့်ဆည်မြို့မရဲစခန်း အထိုင်ချစစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို ရှင်းလင်းရှာဖွေကာ အလောင်းတွေ သယ်ယူသွားကြောင်း သိရပါတယ်။


တိုက်ပွဲအတွင်း PDF ရဲဘော် (၁)ဦး ကျဆုံးခဲ့ကြောင်း Taze Newsက ဆိုပါတယ်။


ဒီနေ့တိုက်ပွဲဟာ  တန့်ဆည်မြို့ပေါ်အထိ ဝင်ရောက်သိမ်းပိုက်မှုဖြစ်ပြီး စစ်တပ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း တန့်ဆည်မြို့ပေါ်က စစ်အုပ်စုဝင်တွေ အပြင်သူတို့ရဲ့  မိသားစုများပါ ထိတ်လန့်ကြောက်ရွံ့နေကြကြောင်း ဖရဲသီးတစ်ဦးထံက သတင်းရရှိတယ်လို့ Taze Newsက ဖော်ပြပါတယ်။


~~~~~~~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။