ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြိုနယ် မြိုတွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြည်စိုးကို PDF တွေက ပစ်ခတ်ခဲ့ရာ အရေးပေါ်လူနာအဖြစ် ဆေးရုံပေါ်ရောက်သွားကြောင်း သိရပါတယ်။
စက်တင်ဘာ (၂၀)ရက်၊ ညနေ ၃ နာရီခွဲလောက်က ကြို့ပင်ကောင်မြို့နယ်၊ အလယ်ကုန်း ရဲစခန်းနဲ့ မြို့တွင်းရွာကြားမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၃) က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ (၂)ချက် ပြင်းထန်စွာရရှိခဲ့ကာ စစ်တပ်က ဆေးရုံသို့ သယ်ဆောင်သွားကြောင်း Bago Region PDF က သတင်းထုတ်ပြန်ပါတယ်။
“မနေ့စက်တင်ဘာ (၂၁)ရက် ညအထိတော့ သေတယ်လို့ မကြားမိသေးဘူး။ ဒါပေမဲ့၊ ပြန်ကောင်းလာလည်း အုပ်ကြီးတော့ ပြန်လုပ်နိုင်တော့မယ် မထင်ဘူး” လို့ ကြို့ပင် ကောက်မြို့ခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကြည်စိုးဟာ အလယ်ကုန်းရဲစခန်းအနီးက ပြည်သူ့နေအိမ် (၂) လုံးကို အကြမ်းဖက်စစ်တပ်က ချိတ်ပိတ်ရာမှာ ဦးဆောင်ဦးရွက် ပြုခဲ့ခြင်း၊ ကျေးရွာသားတွေအပေါ် ထောက်ခံစာတစောင်ကို ကျပ် (၂) သောင်း တောင်းယူခြင်း စတဲ့ ပြည်သူတွေရဲ့ တိုင်တန်းချက် တွေအပေါ် စိစစ်အတည်ပြုကာ PDF တွေက အရေးယူခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။