Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြန်မာပြည်သူတွေ မယုံကြည်တော့တဲ့ အာဆီယံနဲ့ကုလသမဂ္ဂ (OPINION)

စက်တင်ဘာ ၁ရက်ကနေ ၃ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖို ရမ်က မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့တယ်။အာဆီယံလူထုဖိုရမ်ဆို တာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကအရပ်ဘက်အဖွဲ့တွေနဲ့ လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး နှစ်စဉ်ကျင်းပတဲ့ဖိုရမ်ဆိုတော့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေကပြည်သူသတ်နေတဲ့  မြန်မာစစ်အုပ်စုကို အကြမ်း ဖက်အဖွဲ့လို့ တည့် တည့်ပဲ ကင်ပွန်းတပ်လိုက်ခြင်းဖြစ်တယ်။

 

အာဆီယံလူထုဖိုရမ်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်လိုက်တဲ့ မြန်မာစစ်အုပ်စုကို စက်တင်ဘာ ၈ရက်က ပြီးဆုံးခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကလည်း အကြမ်းဖက်တာတွေလျှော့ဖို့ တိုက်တွန်းခဲ့ပြန်တယ်။ တိုက်တွန်းတယ်ဆိုတာက လုပ်ချင်လည်းလုပ်၊ မလုပ်ချင်လည်းနေ ဆိုတာမျိုး။ပြီးတော့ အလုပ်မဖြစ်တာသေချာနေတဲ့ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကိုပဲ အာဆီယံက ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆုံးဖြတ်ခဲ့ပြန်တယ်။

 

ဒါ့ကြောင့် ဘယ်သူတွေက ဘာပြောပြော အာ ဆီယံဆိုတာ အတိတ်မေ့သလို ရွှေပျောက်သလို အာဆီယံမူ၅ရပ်ဟာ ဘုရားဟောကျမ်းတစ်ဆူလိုလိုနဲ့ မျက်နှာ ပြောင်တိုက်ရတော့တာပါပဲ။

 

အလုပ်မဖြစ်တာ မသိလို့ ဆက်ကိုင်စွဲတာလား၊ဆက်မျှော်လင့်စရာရှိနေသေးလို့လားဆိုတော့ မဟုတ်။ အာဆီယံမူ၅ရပ်ဆိုတာ နည်းနည်းလေးမှတောင် အလုပ်မဖြစ်ခဲ့မှန်း အာဆီယံခေါင်းဆောင်တွေ သိပြီးဖြစ်သလို နွားကိုပလာတာကျွေးပြီး အရသာဘာလဲလို့ သွားမေးနေလည်း ဘာမှမထူးမှန်း သိပြီးဖြစ်ပါတယ်။

 

ဒါဆို ဘာလို့ ဆက်ကိုင်စွဲတာလဲဆိုတော့ ဒါမှမကိုင်ရင် တခြားကိုင်စရာမရှိသလို နိုင်ငံတကာအလယ် မှာအာဆီယံရဲ့ဂုဏ်သိက္ခာကျဆင်းမှာလည်း စိုးတာကြောင့်ပါပဲ။ဒါ့ကြောင့် ဘယ်သူတွေက ဘာပြောပြော အာ ဆီယံဆိုတာ အတိတ်မေ့သလို ရွှေပျောက်သလို အာဆီယံမူ၅ရပ်ဟာ ဘုရားဟောကျမ်းတစ်ဆူလိုလိုနဲ့ မျက်နှာ ပြောင်တိုက်ရတော့တာပါပဲ။

 

အာဆီယံရဲ့ တရားကိုယ်ကိုက ဒေသတွင်းမှာရော နိုင်ငံတကာနဲ့ပါ အပြန်အလှန်အကျိုးရှိနိုင်တာတွေ ကို ပူးပေါင်းလုပ်ကိုင်ဖို့ ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး ပြဿနာတွေကို အာဆီယံရဲ့စုစည်းအင်အား နဲ့ကိုင်တွယ် ဖြေရှင်းဖို့မဟုတ်ပါဘူး။အဲဒါကြောင့်လည်း ဘယ်လိုပြဿနာမျိုးကိုမှ အာဆီယံက ကိုင်တွယ်ပြေလည်ခဲ့တာမျိုး လည်း မရှိသလို အာဆီယံနိုင်ငံတချို့အတွက် သိပ်အရေးပါတဲ့ တောင်တရုတ်ပင်လယ်ပြဿနာနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ခိုင်မာတဲ့ဘုံရပ်တည်ချက် ထွက်ပေါ်လာခြင်းမရှိပါဘူး။မြန်မာ့အရေးနဲ့ပတ်သက်ရင်လည်း အာဆီယံဘုံသဘောတူညီချက်၅ရပ်သာ ထွက်ပေါ်ခဲ့ပြီး မူ၅ရပ်ဖော်ဆောင်လာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းမရှိတာကြောင့် တိုက်တွန်းတယ်၊ကန့်ကွက်တယ်၊ရှုတ်ချတယ်ဆိုတာလောက်နဲ့ တိုင်ပတ်နေခြင်းဖြစ် ပါတယ်။

 

နိုင်ငံတကာအသိုင်းအဝိုင်းကပါ ထောက်ခံချက်ပေးထားတဲ့ အာဆီယံမူ၅ရပ် ကို စစ်အုပ်စု ငြင်းရဲမှာမဟုတ်ဘူးလို့ လျှော့တွက်ခဲ့ပါတယ်။

 

တကယ်တော့ မြန်မာ့အရေးဆိုတာ အမေရိကန်နဲ့အနောက်အုပ်စုတို့က တရုတ်နဲ့ ထိပ်တိုက်တိုးမှာကို ရှောင်ရှားလိုတာကြောင့် အာဆီယံခေါင်းပေါ်ပစ်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။တရုတ်ကလည်း မြန်မာပြ ဿ နာကို ဒေသတွင်း အာဆီယံက တိုက်ရိုက်ကိုင်တွယ်မယ့်အပေါ် လိုလားမှုရှိပါတယ်။အာဆီယံကလည်း မြန်မာ့ အရေးကို သူတို့ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက် ၊ဂျကာတာမှာ အာဆီယံမူ၅ရပ်ကို မင်းအောင်လှိုင်လက်မှတ်ထိုးအတည်ပြုလိုက်တာအခါ အာဆီယံအနေနဲ့ မျှော်လင့်ချက် ကြီးခဲ့ပါတယ်။အဲဒီ မူ၅ရပ်ကို အမေရိကန်၊အနောက်အုပ်စုနဲ့တရုတ်ကပါ ထောက်ခံလိုက်တဲ့အ ခါ အာဆီယံ အသင်းကြီး ဘဝင်မြင့်ရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ထောက်ခံချက်ပေးထားတဲ့ အာဆီယံမူ၅ရပ် ကို စစ်အုပ်စု ငြင်းရဲမှာမဟုတ်ဘူးလို့ လျှော့တွက်ခဲ့ပါတယ်။

 

တကယ်တမ်းဖော်ဆောင်တဲ့အခါမှာတော့ မူ၅ရပ်ကို အဖက်မလုပ်လို့ စစ်ခေါင်းဆောင်တွေကို အာဆီ ယံထိပ်သီးနဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေး တက်ခွင့်မပြုတဲ့ ပြစ်ဒဏ်ကနေ ဆက်မတက်နိုင် တော့ ပါဘူး။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ကြား ထိရောက်စွာအရေးယူမယ်ဆိုတဲ့အုပ်စု နဲ့ စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံခြင်းနည်းနဲ့သာ မူ၅ရပ်ဖော်ဆောင်ရေးလုပ်ဆောင်သင့်တယ်ဆိုတဲ့လိုင်းက ဘယ် လိုမှ ညှိလို့မရတဲ့အတွက် ဟန်မပျက် အာဆီယံမူ၅ရပ်ဆက်ကိုင်တွယ်ရေးမှာ တစ်နေပါတော့တယ်။ပြောရရင် အာဆီယံအသင်းဟာ မြန်မာစစ်အုပ်စုကိုထောက်ခံတဲ့နိုင်ငံတွေရဲ့ တင်းခံနေမှုကို ဘယ်လိုမှမကျော်လွှား နိုင်သလို နောင်လည်း ကျော်လွှားနိုင်ဖို့ ရာခိုင်နှုန်း သိပ်နည်းလွန်းလှပါတယ်။

 

ဒါ့အပြင် လတ်တလောမှာ အာဆီယံကို အရှက်တကွဲဖြစ်စေတာကတော့ အာဆီယံလေတပ်ဦးစီးချုပ် တွေရဲ့ အကြိမ်၂၀မြောက်အစည်းအဝေးကို စက်တင်ဘာ၁၂ရက်ကနေ ၁၅ရက်နေ့အထိ နေပြည်တော်မှာ ပြု လုပ်ခဲ့တာနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

 

RFA က ပြုစုထားတဲ့စာရင်းတွေအရ အစည်းအဝေးလုပ်နေတဲ့ ၄ ရက်တာ အတွင်း စစ်ကိုင်းတိုင်၊အင်းတော်၊ပုလဲ၊အရာတော်။ပဲခူးတိုင်း၊ မုန်းမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်၂၀ထက်မနည်းပြုလုပ်ခဲ့ပါတယ်။

 

ပြည်သူတွေကို ဗုံးမိုးရွာနေတဲ့ စစ်အုပ်စုလေတပ်က ကမကထပြု တဲ့ အစည်းအဝေးကို မတက်ဖို့ ပြည် တွင်း၊ပြည်ပ အဖွဲ့အစည်းတွေ အကျယ်လောင်ဆုံး ကန့်ကွက်နေတဲ့ကြားကပဲ ဘရူနိုင်း၊ကမ္ဘောဒီးယား၊ဗီယက် နမ်၊လာအိုနဲ့ထိုင်းနိုင်ငံတို့က လေတပ်အကြီးအကဲတွေ လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး စင်ကာပူနဲ့ဖိလစ်ပိုင်တို့ ကဗီဒီယိုနဲ့မိန့်ခွန်းပေးပို့ကာ မလေးရှားနဲ့အင်ဒိုနီးရှားကတော့ လူလည်းမတက် ဗီဒီယိုမိန့်ခွန်းလည်း မပို့ပါဘူး။ အဲဒါဟာ အာဆီယံနိုင်ငံတွေရဲ့ မြန်မာ့အရေး ရပ်တည်ချက်ကိုဖော်ပြနေခြင်းလည်းဖြစ်ပါတယ်။

 

အဆိုးရွားဆုံးဖြစ်ရပ်ကတော့ အဲဒီအစည်းအဝေးပြုလုပ်နေတဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုက လေ ကြောင်းတိုက်ခိုက်မှုတွေကို မရပ်ခြင်းပါပဲ။ RFA က ပြုစုထားတဲ့စာရင်းတွေအရ အစည်းအဝေးလုပ်နေတဲ့ ၄ ရက်တာ အတွင်း စစ်ကိုင်းတိုင်၊အင်းတော်၊ပုလဲ၊အရာတော်။ပဲခူးတိုင်း၊ မုန်းမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်၂၀ထက်မနည်းပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီး တစ် ပါး ပျံလွန်ကာ ဒေသခံ၁ ဦးသေဆုံးပြီး ပြည်သူ၆၀၀၀ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။

 

စက်တင်ဘာ၁၅ရက်၊ည၈နာရီလောက်က အင်းတော်မြို့နယ်၊ခရမ်းစပ်ကုန်းရွာဘုန်းကြီးကျောင်းကို တိုက်လေယာဉ်တစ်စီး ရောက်လာပြီးဗုံးကြဲချသွားပါတယ်။အဲဒီဗုံးထိမှန်ကာ ခရမ်း စပ်ကုန်းရွာဘုန်းကြီး ကျောင်းက သက်တော်၇၇နှစ်ရှိပြီဖြစ်တဲ့ကျောင်းထိုင်ဆရာတော် ပျံလွန်ခဲ့သလို ကပ္ပိယတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ ဗုံးဟာဘုန်းကြီးကျောင်းတည့်တည့်ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးကြဲတဲ့အချိန်မှာ ခရမ်းစပ်ကုန်း ရွာဝန်းကျင် တိုက်ပွဲဖြစ်ပွားနေခြင်းလည်း လုံးဝမရှိပါဘူး။

 

ငါတို့ ဘယ်လိုပဲစော်ကားပါစေ၊အာဆီယံက တော့ အလုပ်မဖြစ်တဲ့ မူ၅ရပ်ကိုသာ ဆက်လက်ကိုင်စွဲနေဦးမယ်လို့ ယုံကြည်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

 

စစ်အုပ်စုသာ လူလိုသိတတ်မယ်ဆိုရင် အစည်းအဝေး ၄ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကို ရပ်ထားခြင်းနဲ့ အစည်းအဝေးလာတက်တဲ့ လေတပ်ဦးစီးချုပ်တွေကို လေးစာသမှုပြုရမှာဖြစ်ပြီး ၄ရက်တာ လေကြောင်းတိုက်ခိုက်မှုမလုပ်လို့လည်း စစ်ရေးအခြေအနေဟာ အကြီးကြီးပြောင်းလဲသွားစရာမရှိပါဘူး။

 

ဒါပေမဲ့၊ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စစ်အုပ်စုက ဧည့်သည်တွေကို ဂရုမစိုက်ရုံတင်မက အာဆီယံကိုပါ တံတွေးနဲ့ လှမ်းထွေးလိုက်ကာ အာဆီယံကို အရှက်ရစေခဲ့ပါတယ်။ငါတို့ ဘယ်လိုပဲစော်ကားပါစေ၊အာဆီယံက တော့ အလုပ်မဖြစ်တဲ့ မူ၅ရပ်ကိုသာ ဆက်လက်ကိုင်စွဲနေဦးမယ်လို့ ယုံကြည်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

 

အာဆီယံခမျာ အရှက်ရတာတွေက များလွန်းလို့ အရေထူနေပါပြီ။ဘယ်လိုပဲ အရှက်ရပါစေ၊မြန်မာ ပြည်သူတွေ ဘယ်လောက်သေသေ အာဆီယံရဲ့ဂုဏ်သိက္ခာအတွင်အာဆီယံ မူ၅ရပ်ကိုသာ ဆက်လက်ကိုင်စွဲ သွား မှာ သေချာပါတယ်။

 

မြန်မာပြည်သူတွေက စစ်တပ်တင်မက အာဆီယံကိုရောကုလသမဂ္ဂကိုပါ မြန်မာ့နွေဦး အတွက် အကျိုးဆောင် နိုင်စွမ်းမရှိသော အသံသာရှိပြီး အဆန်မရှိသူများအဖြစ် အယုံအကြည်ကင်းမဲ့နေတာလည်း ကြာလှ ပြီဖြစ်ပါတယ်။

 

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို က ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့် ခွန်းမှာ မြန်မာပြည်သူတွေဟာ စစ်တပ်အပေါ် လုံးဝအယုံအကြည်ကင်းမဲ့နေပြီလို့ ပြောကြားခဲ့ပါတယ်။ဟုတ်ကဲ့၊ မြန်မာပြည်သူတွေက စစ်တပ်တင်မက အာဆီယံကိုရောကုလသမဂ္ဂကိုပါ မြန်မာ့နွေဦး အတွက် အကျိုးဆောင် နိုင်စွမ်းမရှိသော အသံသာရှိပြီး အဆန်မရှိသူများအဖြစ် အယုံအကြည်ကင်းမဲ့နေတာလည်း ကြာလှ ပြီဖြစ်ပါတယ်။

 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။