Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒီပဲယင်းမြို့အဝင်မှာ သန်းခေါင်ယံ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေ PDF ပစ်လို့ ၄ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်ကို PDF တွေက စောင့်ဆိုင်း ပစ်ခတ်ခဲ့ရာ ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


ဒီပဲယင်းမြို့အဝင်၊ ကသစ်အိမ်ဂိတ်က စစ်သား (၅)ဦး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ည ၁၂ နာရီ မိနစ် ၄၀ လောက်မှာ မြို့အဝင် စိန်ပန်းပင်တံတားဘက် ကင်းပတ်ထွက်လာစဉ် PDF တွေက ကင်းပုန်းဝပ်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Yan Gyi Aung People Defense Forceက ယမန်နေ့ညက သတင်းထုတ်ပြန်ပါတယ်။


“ PDF တွေက ဒီကောင်တွေ ဒီအချိန် ကင်းပတ်မှန်းသတင်းသေချာရလို့ အေးဆေး စောင့်ပစ်သွားတာ။ စစ်တပ်က စစ်သားသေတာ မနှမြောဘူး။ သေနတ်၄လက် PDF ရသွား တာရင်ထုမနာဖြစ်နေတာ”လို့ ဒီပဲယင်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။


စစ်သား (၅)ဦးအနက် (၁)ဦးမှာ ချောင်းထဲသို့ ခုန်ချထွက်ပြေးသွားကြောင်း သိရပါတယ်။


စစ်သား (၄)ဦး ဆီကနေ MA-1 တစ်လက် ၊ G3 တစ်လက် ၊ ကာဘိုင်တစ်လက် ၊ M79 ၄၀(မမ)တစ်လက်နဲ့ ၄၀ မမဗုံးသီး ၄ လုံး သိမ်းဆည်းမိခဲ့ပါတယ်။


အဲဒီတိုက်ခိုက်မှုကို Yan Gyi Aung People Defense Force ၊ အဖြူရောင် ပကဖ၊ ညောင်ဉီးခရိုင်တပ်ရင်း(၅)၊ ပုဂံပြည်ဘီလူးတပ်နဲ့ဖက်ဒရယ်စစ်ကြောင်း (၁)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Yan Gyi Aung People Defense Force ရဲ့ ဒုတိယ‌ခေါင်းဆောင် ခြေသလုံးကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။


~~~~~~~~~~

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။