Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီ ခမရ (၉)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာ၊ 338 Sniper တစ်လက်နဲ့ ကျည် ၅၀ တောင့် ပါလာတာကြောင့် ဆုကြေးငွေ ဘတ် ၁ သိန်း ရရှိ

အကြမ်းဖက် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ  ခမရ (၉) မှ စစ်သားတစ်ဦးဟာ 338 Sniper နဲ့ ၎င်း ကျည်အတောင့် ၅၀ ယူလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပါတယ်။

 

CDM တပ်သားက ယူဆောင်လာတဲ့ စနိုက်ပါသေနတ်နဲ့ ကျည် ၅၀ ကို စစ်ကြောင်းမှူး ဗိုလ်ဒါဘောထံ အပ်နှံနေစဉ်

အဆိုပါ CDM တပ်သားဟာ တောင်ပိုင်းတိုင်း၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ PDF တပ်ရင်းတစ်ခုဆီကို အလင်းဝင် ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

CDM တပ်သားက ယူဆောင်လာတဲ့ စနိုက်ပါသေနတ်နဲ့ ကျည် ၅၀

ယင်း CDM စစ်သားကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက လက်ခံခဲ့ပြီး ဆုကြေးငွေ ဘတ် ၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

 

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။