Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ အကြမ်းဖက် တပ်ရင်းမှူး PDF စနိုက်ပါ ထိပြီး သေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲမှာ အကြမ်းဖက် တပ်ရင်းမှူးတစ်ဦး PDF စနိုက်ပါလက်ချက်နဲ့ သေဆုံးသွားကြောင်း သိရပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာသို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၄၄)၊ တပ်မ (၂၂) နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) အပါ အင်အား (၇၀)လောက်ရှိတဲ့ စစ်ကြောင်းကို နဂါးနီစစ်ကြောင်း နဲ့ KNLA တပ်ရင်း(၁၆)တို့က စက်တင်ဘာ (၁၄)ရက်မှာ  ပိတ်ဆို့တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးနဲ့ BGF တပ်ခွဲမှူး အပါအဝင် (၁၀)ဦး ထက်မနည်း သေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာ (၁၄)ရက်၊ မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် ၁၀ နာရီခွဲမှာ  တိုက်ပွဲပြီးဆုံးခဲ့ကာ အကြမ်းဖက်စစ်တပ် ပြန်ဆုတ်ပြေးခဲ့ပါတယ်။


တိုက်ပွဲအတွင်း Mi-35 တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့  ၂၅ မိနစ်လောက်ကြာ လာရောက်ပစ်ခတ်တဲ့အပြင် အဘစ်ရွာ အမြောက်တပ်က ၁၂၂(မမ) ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့သေးကြောင်း နဂါးနီစစ်ကြောင်းက ဆိုပါတယ်။


အဲဒီတိုက်ပွဲမှာ နဂါးနီရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးဒဏ်ရာရရှိမှုကို သီးခြားအတည်မပြုနိုင်ပါဘူး။


~~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။