စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေကျင်ရွာမှာ စစ်သားတွေ ထမင်းစားနေချိန် ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ အရာရှိ တစ်ဦးသေဆုံးခဲ့ကြောင်း BLACK WOLF–ARMY က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၁၅)ရက်၊ မနက် ၇ နာရီခွဲလောက်က စစ်သားအင်အား (၁၀၇)ဦးတို့ဟာ ရွှေကျင်ရွာ စာသင်ကျောင်းမှာ စခန်းချတပ်စွဲကာ ထမင်းစားနေစဉ် ဒေသတွင်း PDF တွေက ဗုံး (၃)လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စာသင်ကျောင်း အလယ်တည့်တည့် သွပ်မိုးပေါက်ကာ ဗုံးကျခဲ့ရာ စစ်သား (၅)ဦးလည်း ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို BLACK WOLF – ARMY ၊ Who am i - Army ၊ Forest Fighter နဲ့ နတ်တောင်နဂါး တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။