Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဝင်းရေးမြို့နယ်ရှိ ဒေသခံ ပြည်သူ တစ်သောင်းခွဲကျော် စစ်ဘေးတိိမ်းရှောင်နေရ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွါးနေပြီး စစ်ရေးအခြေအနေ တင်းမာနေ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ တပ်မ (၄၄) လက်အောက်ခံ ခလရ-၂၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နဲ့ BGF တပ်နယ် (၃) စုစုပေါင်း အင်အား ၁၀၀ ဝန်းကျင်ဟာ အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

 

KNLA - တပ်ရင်း (၁၆) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေရဲ့ နှိပ်စက် ဖိနှိပ်မှု ရန်ကနေ ဒေသခံပြည်သူတွေကို ခုခံကာကွယ်ပေးရင်း စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွါးနေစဉ် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင် ရတခ)မှ ထွက်ခွါလာတဲ့ Mi-35P Attack Helicopter တစ်စင်းဖြင့် မနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပစ်ခတ်မှု ဖြစ်ပွားရာ အနီးဝန်းကျင် နေရာတစ်ဝိုက်သို့ လေကြောင်း ပစ်ကူပေး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တံခွန်တိုင်ကျေးရွာရှိ စာသင်ကျောင်းနဲ့ ပြည်သူပိုင်အိုးအိမ်များ ထိမှန်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများကို လုံခြုံရေးယူ အကာအကွယ် ပေးခဲ့တဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင် ရဲဘော် (၁) ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

 

အလားတူ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)မှ ၁၂၂ မမ လက်နက်ကြီးများဖြင့် ကျေးရွာတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့တာကြောင့် အများပြည်သူပိုင် အိုးအိမ် အဆောက်အအုံများ ထပ်မံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ အကြမ်းဖက် စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ BGF တပ်နယ် (၃) မှလည်း အင်အား (၁၀၀) ခန့်ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထပ်မံ  အင်အား ဖြည့်တင်းလာတာကြောင့် KNLA တော်လှန်ရေး ပူးပေါင်းတပ်များနဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

 

စက်တင်ဘာလ  ၁၄ ရက်နေ့မှာ ပြုစုထားတဲ့ စာရင်းအရ ဒေသခံပြည်သူ တစ်သောင်းခွဲကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

 

လက်ရှိအချိန်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ တောင်ကျရေ ပြင်းထန်စွာ စီးဆင်းမှုများ ရှိနေပြီး စစ်ဘေးရှောင် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ရန် စခန်းများ သီးသန့် မရှိတာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာများ လုံလောက်မှု မရှိဘဲ၊ အခက်အခဲများနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင် ဒေသခံ ပြည်သူတွေမှာ စားရေရိက္ခာနဲ့ ဆေးဝါးကုသမှုများ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ 

 

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။