Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြောင်မြို့နယ်ထဲဝင်လာတဲ့ အကြမ်းဖက် စစ်ကြောင်းကို PDF ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲသို့ ဧရာဝတီမြစ်ကနေ ဝင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒေသတွင်း PDF (၁၀)ဖွဲ့ ပူးပေါင်းကာ ဒရုန်း နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


စက်တင်ဘာ (၁၄)ရက်၊ မနက် ၆ နာရီလောက်က ဧရာဝတီမြစ်ကြောင်းကနေ နဂါးပေါက်ရွာ နဲ့ဘုန်းကောင်းရွာသို့ အင်အား (၁၅၀)လောက်နဲ့ ဝင်လာတဲ့ စစ်ကြောင်းကို မောင်းသူမဲ့ လေယာဉ် (၃)စင်း၊ (၆)လက် ဒရုန်း (၁)စင်းတို့နဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း CDSOM (အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့၊ အားမာန်စစ်သည်၊ Dragon King)က သတင်းထုတ်ပြန် ပါတယ်။


ဒရုန်းနဲ့ ဗုံးကြဲနေစဉ် မြစ်အရှေ့ဘက်ကမ်းရှိ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့ရာ အဲဒီနေရာ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


“ကျနော်တို့ နဂါးပေါက်နဲ့ ဘုန်းကောင်းရွာရောက်လာတဲ့ စစ်တပ်ကို ဒရုန်းနဲ့ဆော်တာ။ ရွာသားတွေက ထွက်ပြေးနေကြပြီဆိုတော့ ရွာထဲမှာ ဒီကောင်တွေပဲရှိတော့တယ်။ စစ်သားတွေ သေတာထိတာတော့ အတိအကျမပြောနိုင်သေးလို့ မထုတ်ပြန်တာ။ ထိတာတော့ ကျိန်းသေပေါက် ထိတယ်” လို့ မြောင် အခြေစိုက် LPDF ရဲဘော်တစ်ဦးက ပြောပါတယ်။


အဲဒီတိုက်ခိုက်မှုအတွင်း (၆)လက် ဒရုန်း (၁)စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း CDSOM ကဆိုပါတယ်။


“ဒရုန်းပျက်ကျသွားတာက စစ်တပ်ဘက်က Drone Killer နဲ့ ပစ်တာထိသွားတာ။ လူထိခိုက်မှု တော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။


အဲဒီစစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် နဂါးပေါက်နဲ့ ဘုန်းကောင်းရွာအပါအဝင် ရွာ (၁၀)ရွာ ထက်မနည်း ထွက်ပြေးနေကြရကြောင်း သူက ဆက်ပြောပါတယ်။


အဲဒီတိုက်ခိုက်မှုကို CDSOM ( အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့၊ အားမာန်စစ်သည်၊ Dragon King)၊ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၂) နှင့် (၆)မှ တပ်ခွဲ(၃)၊ မြင်းခြံခရိုင် တပ်ရင်း(၂)မှ (PDF Taloke၊ MGN RANGER၊ MYNGEN 21 )၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ 11 Brother အဖွဲ့၊ LACR မြင်းခြံ၊ နဂါးပေါက်တိုက်နယ် ပကဖ ၊ ဒေါင်းစစ်သည်အဖွဲ့နဲ့ Myaung Union Army-MUA တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး မြောင်အမျိုး သမီးစစ်သည်တော်အဖွဲ့ M2W က မိုင်းပံ့ပိုးခဲ့ကြောင်း သိရပါတယ်။


~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။