ဩစတြေးလျအစိုးရအနေနဲ့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်တွေကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ပါမောက္ခရှောင်တာနယ်က တောင်းဆိုလိုက်ပါတယ်။
NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်က အဲဒီလိုတောင်းဆိုခဲ့ပြီး ဩစတြေးလျအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်သင့်တယ်လို့ ပြောကြောင်း VOA ကဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့အပေါ် ဒဏ်ခတ်မှုဟာ လက်တွေ့ထိရောက်မှုရှိတဲ့အတွက် ဩစတြေးလျအစိုးရအနေနဲ့လည်း လုပ်ဆောင်သင့် ကြောင်း သူကပြောပါတယ်။
အမေရိကန်အစိုးရက စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဲဒီဘဏ် (၂)ခုကို အရေးယူပြီး မကြာမီမှာပင် မြန်မာနိုင်ငံတွင်း ဒေါ်လာရှားပါးမှုပြဿနာ ကြီးထွားလာတယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
မစ္စတာ ရှောင်တာနယ်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ရေးတောင်းဆိုမှုကို ဩစတြေးလျအစိုးရအနေနဲ့ တစ်စုံတစ်ရာ မတုံ့ပြန်သေးပါဘူး။
မစ္စတာရှောင်တာနယ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ရက်ပေါင်း (၆၅၀)လောက်ကြာ စစ်အုပ်စုထောင်ထဲ နေခဲ့ရပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။