မြန်မာ့အရေးကို အာဆီယံတစ်ခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) အာရှဒေသ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က VOA ကို ပြောပါတယ်။
စက်တင်ဘာ (၅)ရက်ကနေ (၇)ရက်နေ့အထိ (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပြီးဆုံးပြီးနောက် HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က VOA ကို အဲဒီလို ပြောကြားတာပါ။
(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေး ကြေညာချက်မှာ စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် ရှုတ်ချခဲ့ပေမဲ့ အားလုံးက မျှော်လင့် ထားတဲ့အတိုင်း ထိရောက်တဲ့အရေးယူမှုလမ်းကြောင်းပေါ် တက်မလာနိုင်ခဲ့ဘူးလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
“အာဆီယံမူ (၅)ရပ်ကို ဆက်ကိုင်စွဲသွားမယ်လို့ အာဆီယံ (၄၃)ကြိမ်မြောက် အစည်းအဝေးက အတည်ပြုတယ်။ အာဆီယံမူ (၅)ရပ်ဟာ ဒီနေ့အထိ အလုပ်မဖြစ်တာ အားလုံးမျက်မြင်ပါပဲ။ မူ (၅)ရပ် သေနေတာကြာပြီ။အာဆီယံဆိုတာလည်း ဟန်ပဲရှိတာ” လို့သူက ပြောပါတယ်။
မြန်မာ့အရေးကို အာဆီယံတစ်ခုတည်းအနေနဲ့ ဖြေရှင်းနိုင်စွမ်းမရှိလို့ အမေရိကန်နဲ့ အီးယူအပါအဝင် သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံတွေ စုစည်းပြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ Phil Robertson က ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကလည်း စစ်အုပ်စုအပေါ် သံတမန်ရေး လမ်းကြောင်းထက် စစ်တပ်ကို အားနည်းသွားစေတဲ့ လမ်းကြောင်းကသာ တိုင်ပြည်ရဲ့ အပြောင်းအလဲကို လုပ်ဆောင်နိုင်မယ်လို့ အာဆီယံနဲ့ နိုင်ငံတကာကို သတိပေးပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။