Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်သား ၁၅ ဦးသေ၊ သေနတ် ၂၀ ကျော် သိမ်းဆည်းမိခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲ ရုပ်သံ ထုတ်ပြန်

စစ်သား ၁၅ ဦး သေဆုံးပြီး သေနတ် ၂၀ ကျော် သိမ်းဆည်းရမိခဲ့တဲ့ မုန်းမြို့နယ်အခြေစိုက် အကြမ်းဖက် စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Bago Region PDF က တစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အခြေစိုက် သစ်ချဆိပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်နေကုန်တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

သစ်ချဆိပ်စခန်းအတွင်း ခလရ−၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နဲ့ ခမရ−၃၅၁ တို့ တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်အတွင်း အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးကာ ကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လတ် ၁ လက် နဲ့ လက်နက်ငယ် စုစုပေါင်း ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။


အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း ပူပေါင်းတပ်ဖွဲ့ဘက်က Spring Warrior's Column ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။


~~~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။