စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သတင်းထောက်လှမ်းဖို့ လွှတ်လိုက်တဲ့ ကင်းထောက် စစ်သားတစ်ဦး ကို PDF တွေက ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ (၁၁)ရက်၊ မနက် ၁၀ နာရီလောက်က ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းအနီး သတင်းထောက်လှမ်းဖို့ ရောက်လာတဲ့ စစ်သားတစ်ဦးကို တွေ့ရှိလို့ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး (ULF)က သတင်းထုတ်ပြန်ပါတယ်။
“စည်သူသစ်ကွင်း ပတ်ဝန်းကျင်ဆိုတာက စစ်တပ်က သစ်ခိုးထုတ်နေတဲ့နေရာ။ ကျနော်တို့ PDF တွေနဲ့ တိုက်ပွဲဖြစ်နေတာ ၁ လကျော်တောင် ကြာနေပြီ။ အဲမှာ အဲစစ်သားကို နယ်မြေအခြေအနေစုံစမ်း ဖို့လွှတ်လိုက်တာထင်တယ်။အပစ်ခံရတာ ပွဲချင်းပြီးပဲ” လို့ ယင်းမာပင် LPDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီစစ်သားကို ULF, Comrade Columnအဖွဲ့ဝင် ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနဲ့ မဟာမိတ် Peacock Brother Local PDF တို့ပူးပေါင်းပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယင်းမာပင်မြို့နယ်အတွင်း သစ်ခိုးထုတ်နေတဲ့ စစ်တပ်နဲ့ ၁ လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်သား၄၀လောက်သေဆုံးပြီး သေနတ် ၄ လက်ရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။