Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ချုံထဲက ချို(ဂျို)သွေးပြနေကြသူတွေ

မင်းပြောတာ မှတ်မိသေးလား၊ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုခဲ့တာလေ။ သူလည်း တတ်သလောက်မှတ်သလောက် ဆောင်ရွက်သွားခဲ့တာပါပဲ။ ဒါပေမဲ့ နိုင်ငံက မတိုးတက်ခဲ့ဘူးတဲ့။ အခုမင်းအာဏာသိမ်းလိုက်တာ ၂ နှစ်ခွဲကျော်ခဲ့လေပြီ။ နိုင်ငံတိုးတက်ဖို့နေနေသာသာ ဒေါ်မီမီဝင်းဘတ်ပြောခဲ့သလို နိုင်ငံလည်းပျက်၊ တပ်လည်းပျက်၊ စည်းပွားလည်း ပျက်ခဲ့ပြီမဟုတ်ပါလား။ ဒါကြောင့်လည်း မင်းကို အကြမ်းဖက်ခေါင်းဆောင်အဖြစ် သတ်မှတ်ပြဌာန်းခံလိုက်ရတာပ။ လျော်ကန်သင့်မြတ်ပါပေရဲ့။

 

 ၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံတဝှမ်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့သဘောပေါ့လေ။ ဒါက မင်းတို့ မျှော်မှန်းချက်နဲ့ ထွက်ပေါက်လမ်းလို့ ယူဆသတ်မှတ်ရတော့မှာပဲ။ 

 

ဒီမှာ ဒုအကြမ်းဖက်ခေါင်းဆောင်စိုးဝင်းက လာမယ့်နှစ် ၂၀၂၄ ခု အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ ပြောကြားလိုက်ပါလား။ ရွေးကောက်ပွဲကျင်းပဖို့ မဲစာရင်းမှန်ကန်ရေးဟာ မှန်ကန်တိကျဖို့ လိုအပ်လို့တဲ့လေ။ ဒီတော့ ၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံတဝှမ်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့သဘောပေါ့လေ။ ဒါက မင်းတို့ မျှော်မှန်းချက်နဲ့ ထွက်ပေါက်လမ်းလို့ ယူဆသတ်မှတ်ရတော့မှာပဲ။ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးပြီး မင်းတို့ရဲ ရာဇဝတ်မှုမြောက်တဲ့အာဏာသိမ်းမှုကို ချောမွေ့စွာ အဆုံးသတ်မယ်ပေါ့လေ။ အပြောကတော့ ချောနေတာပါပဲ။ ဒါပေမဲ့ ဟုတ်ပါ့မလား မောင်ကာဠုရဲ့လို့ မေးရမယ့်ကိန်း။ 

 

မင်းတို့အာဏာသိမ်းကာစက ၂၀၂၃ ခု သြဂုတ်လလောက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ဂတိပြုပြောခဲ့ကြတယ်နော်။ ဘာလဲ လူကြီးစကား ပြီးပြီးပျောက်ပျောက်လို့ သတ်မှတ်ရတော့မယ်လား။

 

အေးလေ၊ မင်းတို့က ၁၉၆၂ ခု မတ်လ ၂ ရက်နေ့က ဗိုလ်နေဝင်းအာဏာသိမ်းခဲ့သလို၊ ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် ဗိုလ်စောမောင်အာဏာသိမ်းခဲ့သလို၊ တော်လှန်ကြတာတွေကို နှိပ်ကွပ်လိုက်ရင် အာဏာသိမ်းမှု အောင်မြင်မယ်လို့ တွက်ချက်မျှော်မှန်းထားခဲ့ကြတာကိုး။ မျှော်မှန်းဆို မင်းတို့မှာ လက်နက်တပ်ဆင်ထားတဲ့ အင်အား ၃ သိန်းကျော်ရှိတဲ့ တပ်အင်အားရှိနေတာကိုး။

 

ပြည်သူတွေ တခဲနက်ထောက်ခံအားပေးတဲ့ NLD ကို မဲမသမာမှု၊ မဲလိမ်မှုတွေရှိတယ်လို့ စွပ်စွဲတယ်။ ခိုင်လုံတဲ့ သက်သေ၊ သက္ကာယလည်း မပြနိုင်ဘူး။ ပြီးတော့ ၂၀၀၈ ခု ခြေဥအရလို့ ဆိုသေးရဲ့။ 

 

ဒါပေမဲ့ မင်းတို့မှာ ဗိုလ်နေဝင်းအကြောင်းပြသလို နိုင်ငံတော်ကြီး ချောက်ထဲကျဆင်းဖို့ လက်နှစ်လုံးအလိုကြောင့်၊ ဗိုလ်စောမောင်အကြောင်းပြသလို နိုင်ငံတဝှမ်း မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့်ဆိုတဲ့ ယုတ္တိတန်လောက်တဲ့ သာဓကပြစရာ ရှိမနေဘူး။ ပြည်သူတွေ တခဲနက်ထောက်ခံအားပေးတဲ့ NLD ကို မဲမသမာမှု၊ မဲလိမ်မှုတွေရှိတယ်လို့ စွပ်စွဲတယ်။ ခိုင်လုံတဲ့ သက်သေ၊ သက္ကာယလည်း မပြနိုင်ဘူး။ ပြီးတော့ ၂၀၀၈ ခု ခြေဥအရလို့ ဆိုသေးရဲ့။ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးချုပ်နှောင်ပြီး ဒုသမ္မတမြင့်ဆွေကို ယာယီသမ္မတတင်မြှောက်ကာ အရေးပေါ်ကာလသတ်မှတ်ပြီး အာဏာလွှဲပြောင်း ယူလိုက်သတဲ့။ မင်းတို့က မင်းတို့ တပ်အသိုင်းအဝိုင်းလောက်ေလးနဲ့ ဤကို ကျွဲဖတ်ကြတဲ့ကောင်တွေ။ 

 

ဒါ့ပြင် ခုအနေအထားက ၁၉၆၂ ခုနှစ်လည်း မဟုတ်ဘူး။ ၁၉၈၈ လည်းမဟုတ်ဘူး။ ၂၀၂၁ ခုနှစ်။ ၃ ကြိမ် ၃ ခါ လိမ်ညာတာခံလိုက်ရရင် လိမ်ညာခံရတဲ့သူတွေ ညံ့ဖျင်းရာ ရောက်တော့ပေလိမ့်မပေါ့။ နိုင်ငံတဝှမ်း ကန့်ကွက်မှုတွေ မြည်ဟိန်းသွားတော့တယ်။ ပစ်သတ်ပြလိုက်ရင် ငြိမ်ဝပ်ပိပြားသွားကြမှာပါလို့ ယူဆထားဟန်တူပါရဲ့။ ဒါကြောင့်လည်း အာဆီယံမူဝါဒ ၅ ချက်ကို လုံးချေပြီး အမှိုက်ပုံးထဲ ထည့်လိုက်တာပေါ့။ ပစ်သတ်ပြတယ်။ လမ်းမပေါ် သေနတ်တွေနဲ့ ပစ်ဖောက်ပြီး သေရဲတဲ့ကောင်ထွက်ခဲ့လို့ အော်ဟစ်စိန်ခေါ်ခဲ့ကြတယ်။

 

ဒီမှာ ၃ ခါမြောက်တော့ လည်စင်းမပေးနိုင်တောဘူး။ သိုးတွေမှ မဟုတ်ကြတာပဲ။ ဒီတော့ ရရာလက်နက် တူမီးကိုင်စွဲပြီး တော်လှန်ကြတော့တယ်။ ခုတော့ မင်းတို့တတွေဟာ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးအတွေဆိုတာ သိလိုက်ကြရပြီ။ 

 

ဒီမှာ တို့ပြည်သူတွေကလည်း ရှင်ကြီးဝမ်းမှာရော၊ ရှင်ငယ်ဝမ်းမှာပါ နေထိုင်ခဲ့ဖူးကြပြီ။ ၂ ခါသေခဲ့ဖူးတော့ ပျဉ်ဖိုးပါမက ကျင်းတူးရတဲ့အနေအထားလည်း နားလည်ခဲ့ကြပြီ။ ၃ ခါသေရင်တော့ အိမ်တိုင်ကို နှုတ်ရောင်းရုံသာ ရှိကြပေတော့မယ်ပေါ့။ ပြီးတော့ လွတ်လပ်တဲ့လေ ရှူရှိုက်ခြင်းရဲ့ အရသာတစွန်းတစ်စကိုလည်း ခံစားဖူးကြပြီလေ။ ဒီမှာ ၃ ခါမြောက်တော့ လည်စင်းမပေးနိုင်တောဘူး။ သိုးတွေမှ မဟုတ်ကြတာပဲ။ ဒီတော့ ရရာလက်နက် တူမီးကိုင်စွဲပြီး တော်လှန်ကြတော့တယ်။ ခုတော့ မင်းတို့တတွေဟာ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးအတွေဆိုတာ သိလိုက်ကြရပြီ။ 

 

မင်းတို့ စစ်အာဏာရှင်တစ်စု အကျိုးစီးပွားအတွက် အာဏာသိမ်းခဲ့မှုဟာ ခုတောဖြင့် မအောင်မြင်ရုံမက ကျဆုံးတော့မယ့် ရောင်ခြည်တွေတော် ယက်သန်းနေပြီ။ စစ်မျက်နှာတိုင်းမှာ အရှုံးချည်းပဲ ရင်ဆိုင်နေရလို့ စခတွေ သွေးပျက်နေကြပြီ။ အမိန့်မနာခံမှု၊ တပ်ပြေးမှုတွေကလည်း ထိန်းမရ၊ အုပ်မရ ဖြစ်နေပြီ။ တပ်က ပျက်နေပြီဆိုပါတော့။

 

ပြည်သူတွေက မင်းတို့စစ်အာဏာရှင်တွေနဲ့ စခအားလုံးကို အသည်းပေါက်အောင် နာကျည်းမုန်းတီးနေကြပြီ။ ပြည်သူတရပ်လုံးက လက်မခံ၊ ဆန့်ကျင်ခံနေရတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း ဘယ်အင်အားနဲ့ရပ်တည်ကြမလဲ။ 

 

တပ်ပျက်ဆို မင်းတို့က နိုင်ငံပျက်အောင် ပြည်သူ့အိုးအိမ်တွေ မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့ပြည်သူတွေကို ကြက်ကလေး ငှက်ကလေးလို ပစ်သတ်၊ လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် ထင်သလိုနှိပ်ကွပ်ခဲ့ကြတာကိုး။ ခုဆို ပြည်သူတွေက မင်းတို့စစ်အာဏာရှင်တွေနဲ့ စခအားလုံးကို အသည်းပေါက်အောင် နာကျည်းမုန်းတီးနေကြပြီ။ ပြည်သူတရပ်လုံးက လက်မခံ၊ ဆန့်ကျင်ခံနေရတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း ဘယ်အင်အားနဲ့ရပ်တည်ကြမလဲ။ ကဲ ပြော။ 

 

မင်းတို့အားကိုးတဲ့ ပထွေးရုရှားကလည်း ပျက်စီးနေတဲ့ သူ့အနေအထားကို မနည်းကျားကန်နေရတယ်မဟုတ်လား။ တရုတ်ကလည်း ဗူးသီးမှ အရီးတော်ကြမယ့်သူတွေပါကွာ။ ခုမှ မင်းတို့က ဗူးစိုက်ဖို့ ဗူးမျိုးစေ့ ရှာဖွေနေဆဲ။ ဒီတော့ မင်းတို့အဖြစ်က ဆင့်ဟိုဟာခွေးမျှော်နေသလို ဖြစ်နေတော့တာပေါ့။

 

မင်းက ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတာ ဝိသမ စီးပွားရေးသမားတွေကြောင့်လို့ ဘယ်လိုအပြစ်တွေပုံချ ပုံချ၊ ပြည်သူတွေအားလုံးကတော့ တို့တွေ ဒီလို ဒုက္ခဆင်းရဲတွေ ခံစားကြရတာ မင်းကြောင့်လို့ တညီတညွတ်တည်း အသိအမှတ်ပြုလိုက်ကြပြီ။

 

ဒီကြားထဲ အမေရိကန်နိုင်ငံက ဘဏ်စနစ်တွေပိတ်၊ လေယာဉ်ဆီတွေပိတ်ဆိုတော့ နူရာဝဲစွဲတဲ့လူလို ဖြစ်ကရော။ ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းအနေနဲ့ ငွေစက္ကူ ၂ သောင်းတန်ထုတ်ပြီး ကုစားလည်း မရတော့ပါဘူး။ အဆင်းကို ဘီးလေးတပ်ပေးလိုက်သလို ဖြစ်သွားပေါ့။ မင်းက ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတာ ဝိသမ စီးပွားရေးသမားတွေကြောင့်လို့ ဘယ်လိုအပြစ်တွေပုံချ ပုံချ၊ ပြည်သူတွေအားလုံးကတော့ တို့တွေ ဒီလို ဒုက္ခဆင်းရဲတွေ ခံစားကြရတာ မင်းကြောင့်လို့ တညီတညွတ်တည်း အသိအမှတ်ပြုလိုက်ကြပြီ။ 

 

ဒီတော့ ခွေးရူးကောင်းစား တစ်မွန်းတည့်ဆိုတာလို မင်းတို့စစ်အာဏာရှင်တွေ တည်တံ့မှုကလည်း နောက်သက်တမ်း ၆ လတိုးထိ ခံပါ့မလား။

 

ဒီမှာ အစပိုင်းကစကားကို ပြန်ကောက်ရရင် စိုးဝင်းပြောသွားတဲ့ ၂၀၂၄ ခု အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမယ့်စကားဟာ လေထဲတိုက်ဆောက်သလို စိတ်ကူးယဉ်လွန်းရာ ရောက်မနေဘူးလား။ သန်းခေါင်စာရင်းကောက်ပြီးရင် ရွေးကောက်ပွဲပြုလုပ်၊ အဲဒီကတဆင့် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ က သမ္မတဖြစ်၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မငြိမ်သက်မှုတွေ ငြိမ်သက်ကြပေါ့။ မငြိမ်သက်မှုအတွင်းက ဖြစ်ပျက်ခဲတြဲအရာအားလုံး ကန့်လန့်ကာ ချလိုက်ကြပေရော့။ ရွှေနိုင်ငံကြီးအတွက် အတူတကွလက်တွဲပြီး တိုးတက်အောင် ဆောင်ရွက်သွားကြမယ်ပေါ့။ အဲဒါက မင်းတို့ရေးဆွဲထားတဲ့ဇာတ်ညွှန်း၊ ထွက်ရပ်လမ်းပေါ့လေ။ ဟုတ်စ။

 

ခုဆို စစ်ဆင်ရေးတွေက မအောင်မြင်တဲ့အပြင် စစ်အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရတာလေ။ ပြီးတော့ ဟိုလူ ဒီရွှေ့၊ ဒီလူ ဟိုရွှေ့နဲ့ မင်းတို့ပြာယာခတ်နေကြပုံတွေက ဆပ်ပြာသည် လင်ပျောက်တာမှ တည်ငြိမ်သေးတယ်လို့ ဆိုရမယ့်ကိန်း။ 

 

မင်းတို့ကတော့ စစ်အာဏာရှင်တွေပီပီ မင်းတို့ရဲ့ဇာတ်ညွှန်းကို မဖြစ်မနေ အကောင်အထည်ဖော်ကြမှာပါပဲ။ ဒါပေမဲ့ မင်းတို့ အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ခွဲကျော် ကာလတိုလေးကို လည်ပြန် ပြန်ကြည့်လိုက်ပါဦး။ မင်းတို့ဖြစ်စေချင်သလို ဖြစ်ခဲ့ပါသလားဆိုတာကိုလေ။ မဖြစ်ခဲ့လို့ ၆ လ၊ ၆ လနဲ့ သက်တမ်းတိုးလေးကြိမ်တောင် ယူခဲ့ရပြီမဟုတ်လား။ ခုဆို စစ်ဆင်ရေးတွေက မအောင်မြင်တဲ့အပြင် စစ်အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရတာလေ။ ပြီးတော့ ဟိုလူ ဒီရွှေ့၊ ဒီလူ ဟိုရွှေ့နဲ့ မင်းတို့ပြာယာခတ်နေကြပုံတွေက ဆပ်ပြာသည် လင်ပျောက်တာမှ တည်ငြိမ်သေးတယ်လို့ ဆိုရမယ့်ကိန်း။ 

 

ပြည်သူတွေကလည်း မင်းတို့ ထားရာနေ၊ စေရာသွားကြမယ့် အနေအထားမဟုတ်တော့ဘူး။ နိုင်ငံအတွက် မင်းတို့ဟာ အဖျက်သမားတွေဖြစ်နေတာမို့ ဘဝတွေပေးဆပ်၊ အသက်တွေပေးဆပ်ပြီး တော်လှန်နေကြတာလေ။ ခုဆို မင်းတို့စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးကြီးက အောင်မြင်ဖို့ လက်တကမ်းအကွာကို ရောက်နေပေါ့။ အဲဒီမှာ သူခိုးကလူဟစ်ဆိုတာလို EAO, NUG, PDF တွေက အကြမ်းဖက်လုပ်ငန်းတွေကို ရပ်စဲပါ့မယ်၊ တိုက်ခိုက်မှုတွေ ရပ်နားပါ့မယ်လို့ နိုင်ငံတကာသိ ကြေညာပြီးရင်တော့ တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားသွားမယ်လို့ ပြောကြားသွားလိုက်သေး။ တကယ့်ကို ရှက်ကြောပြတ်နေကြတဲ့သူတွေ။ ဒီမှာ၊ တို့ပြည်သူတွေက သွေးကြွေးမှာ ဆွေးနွေးစရာမရှိလို့ ဘဝဂ်ညံအောင်ကြွေးကြော်နေကြတာ နားကန်းလို့ မကြားရလေရော့သလား။

 

ခုတော့ဖြင့် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လို့ ကြိမ်းဝါးနေကြတဲ့ မင်းတို့တတွေက ဖွတ်ကလေးတစ်ကောင် ရလိုရငြားဖမ်းမယ်လုပ်တာတောင်မှ ခါးတောင်းမြှောင်ကျိုက် လုပ်ကြပါဟ၊ ဝိုင်းကြပါဟနဲ့ ညာသံပေးနေရပြီ မဟုတ်ပါလား။ 

 

နွေဦးတော်လှန်ရေး မုချ အောင်တော့မယ်။ 

 

˜˜˜˜

 

 

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။