Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

၈ လ အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု ၁၈၀ကျော်ရှိ ကလေးနဲ့ အမျိုးသမီးအပါအဝင် ၃၅ဦးသေဆုံး

၂၀၂၃ ခုနှစ်၊ ၈ လတာအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု ၁၈၅ကြိမ်ဖြစ်ပွားခဲ့ကြောင်း Chin Human Rights Organization(CHRO) ကသတင်းထုတ်ပြန်ပါတယ်။

 

အခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၃၅ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၅ဦးနဲ့ အမျိုးသမီး ၁၁ဦးပါဝင်ကြောင်း သိရပါတယ်။

 

ဒီနှစ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ၇၉ဦး ရှိကြောင်း CHRO ကဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ရွာ၊စာသင်ကျောင်း၊ဘာသာရေးအဆောက်အအုံ စတာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်းဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၂ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀နဲ့ ၂၀၂၁ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ချင်းပြည်နယ်မှာ ပြုလုပ်ခဲ့ကြောင်းလည်း CHRO ကထုတ်ပြန်ထားပါတယ်။

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။