Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အိုးအိမ်စွန့် ထွက်ပြေးရသူပေါင်း ၂ သန်းနီးပါးရှိ စစ်ကိုင်း စစ်ရှောင်တွေ ကုလဆီက ငါးပြားတစ်စေ့ အကူအညီမရဖူးဘူးလို့ဆို

မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂သန်းနီးပါးရှိပြီဖြစ်ကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်ပါတယ်။

 

အိုးအိမ်စွန့်ခွာ လူဦးရေ ၁ဒဿမ၉သန်းကျော်ဟာ မရေရာတဲ့အခြေအနေတွေနဲ့ နေရပ်စွန့်ခွာ တိမ်း ရှောင်နေရပြီး လူမှုဘဝ ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

 

“အခုကုလသမဂ္ဂပြောတဲ့ ၁ဒဿမ၉သန်းကျော်ဟာ ကျနော်တို့ စစ်ကိုင်းတို့ မကွေးတို့ဘက်က စစ်ကြောင်းဝင်လာလို့ ခဏတဖြုတ်ပြေးရတဲ့စစ်ရှောင်တွေ မပါဘူးလို့ထင်ပါတယ်။ကျနော်တို့ စစ်ကိုင်းတိုင်းက မြို့တော်တော်များများမှာ အိုးအိမ်မီးရှို့ခံရပြီး ကိုယ့်ရွာကိုယ်နေလို့အဆင်မပြေလို့ တခြားရပ်ရွာနဲ့ တောတွေထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေ လည်းရှိပါတယ်။အဲဒီစစ်ရှောင်၂ မျိုးစလုံး ကုလသမဂ္ဂဆိုတဲ့အဖွဲ့နဲ့ ဆက်စပ်အဖွဲ့တွေဆီကနေ ငါးပြားတစ်စေ့အကူအညီမရဖူးပါဘူး” လို့ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။

 

လူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေဟာ အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုးမြင့်လာတာကြောင့် နေရပ်စွန့်ခွာရသူတွေနဲ့ ဘေးဒဏ်သင့်ရပ်ရွာဒေသခံတွေကို အချိန်နဲ့တစ်ပြေးညီ အကူအညီတွေထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အဟန့်အတားဖြစ်စေကြောင်း ဝင်ရောက်ကူညီရေး ကန့်သတ်ချက်တွေလျှော့ပေါ့ပေးခြင်းနဲ့ ရန်ပုံငွေရရှိရေးဟာ အရေးပေါ် လိုအပ်ချက်တွေကိုတုံ့ပြန်ကူညီမယ့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် မရှိမဖြစ် လိုအပ်ကြောင်း UNOCHA Myanmar ကဆိုပါတယ်။

 

˜˜˜˜

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။