မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်အတွင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ တခြားရွာပြောင်းတဲ့စစ်တပ်ကို ထပ်မံ ဗုံးကြဲခဲ့ရာ သေဆုံးထိခိုက်ရှိနိုင်ကြောင်း သိရပါတယ်။
ငါန်းဇွန်မြို့နယ်၊ဘေးသောင်ရွာစာသင်ကျောင်းထဲ ယာယီတပ်စွဲထားတဲ့ စစ်တပ်ကို စက်တင်ဘာ၇ရက်၊မွန်းလွဲ၁၂နာရီခွဲလောက်မှာ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ကြောင်း T.G.R Women Drone Force က သတင်းထုတ်ပြန်ပါတယ်။
ဗုံးကြဲခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပြည်သူပိုင်ထော်လာဂျီတွေသိမ်းယူကာ ရိက္ခာတွေ တင် ဆောင်ပြီး ထွက်ခွာလာစဉ် ရွာထိပ်အရောက် ဒရုန်းနဲ့ ဗုံး၃လုံး ထပ်ကြဲခဲ့ကြောင်း T.G.R Women Drone Force ကဆိုပါတယ်။
“ဝင်လာတဲ့သတင်းတွေအရ ရွာထိပ်မှာ ဗုံးကြဲခံရတာ စခတွေထိပြီးတော့ ထော်လာဂျီပေါ် ထိတဲ့ ကောင်တွေ တင်ပြီး ပြောင်းသွားကြတယ်တဲ့။မြင်တဲ့သူတွေက ခပ်လှမ်းလှမ်းကနေ မြင်ရတာဆိုတော့ သေသလား၊ဒဏ်ရာရတာလား၊ဘယ်နှစ်ယောက်လဲဆိုတာတော့ သေချာမသိရသေးဘူး”လို့ ငါန်းဇွန် မြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို T.G.R People Defense Force၊T.G.R Women Drone Force၊ ကျောက်ဆည်ခ ရိုင် တပ်ရင်း(၂)၊Black Eagle People Defense Force (MMU)၊Black Eagle Drone Forceနဲ့ ငါန်းဇွန်မြို့နယ် ပ.က.ဖ တို့ ပူးပေါင်းစစ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။