Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီး ပြည်သူ ၇၀၀ လောက် တိမ်းရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်(လယ်ဒို)အတွင်း အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၇၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်(လယ်ဒို)၊ လော်မူသောရွာနဲ့ ဘုရားလေး ကုန်းဘုန်းကြီး ကျောင်းအနီးသို့ စက်တင်ဘာ (၅)ရက်၊ မနက် ၈ နာရီ မိနစ် ၅၀ လောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အိမ်တစ်လုံးပျက်စီးကာ ဘုန်းကြီးကျောင်းလည်း အနည်းငယ်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ယင်းတိုက်ခိုက်မှုကြောင့် အိမ် ၁၄၉ လုံးရှိပြီး ဒေသခံ ၆၃၂ ဦးနေထိုင်တဲ့ လော်မူသောရွာနဲ့ လော်မူပယ်ကျေးရွာတို့က ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။


ကျောင်းသား ၂၇၂ ဦး တက်ရောက်နေတဲ့ လော်မူသောအထက်တန်းကျောင်းနဲ့ ကျောင်းသား ၃၃ ဦး တက်ရောက်နေတဲ့ လော်မူပယ်မူလတန်းကျောင်းတို့ကိုလည်း လေကြောင်းရန်ကြောင့် ယာယီပိတ်ထားရကြောင်း ကေအဲန်ယူ-ဗဟိုက ဆိုပါတယ်။


မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ဘေးရှောင် ပြည်သူ တွေအနေနဲ့ တောတောင်တွေထဲ ခက်ခဲစွာ နေထိုင်နေကြရပြီး အရေးပေါ်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများစွာ လိုအပ်နေကြောင်း သိရပါတယ်။


~~~~~~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။