Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နေပြည်တော်ကောင်စီနယ်မြေမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ကျားသံလုံး စစ်ကြောင်း ဖွဲ့စည်း

အကြမ်းဖက် စစ်အုပ်စုရဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ စစ်ရေး အတွေ့အကြုံရှိတဲ့ ရဲဘော်တွေနဲ့ ကျားသံလုံးစစ်ကြောင်းကို ဖွဲ့စည်းထားကြောင်း သိရပါတယ်။


ကျားသံလုံးစစ်ကြောင်း(Iron Tiger Battalion)ကို သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ Northern Thandaung Defense Force (Special Region) က စစ်ရေးအတွေ့အကြုံရှိ စစ်သည်တော်တွေနဲ့ ကရင်နီပြည်နယ်အတွင်း စစ်ရေးအတွေ့အကြုံရှိ PKS-PDF 1004 နဲ့  အတူ ပူးပေါင်းဖွဲ့စည်းထားကြောင်း  သံတောင်မြောက်ပိုင်း(အထူးဒေသ)က သတင်း ထုတ်ပြန်ပါတယ်။


ကျားသံလုံးစစ်ကြောင်းကို အာဏာရှင်အဆက်ဆက် တော်လှန်ခဲ့တဲ့ သံတောင်မြောက်ပိုင်း (အထူးဒေသ) ဥက္ကဌ ဦးကိုကြီး (ငယ်နာမည် ဖိုးသံလုံး)က ဦးဆောင်စီမံကွပ်ကဲသွားပါမယ်။


စစ်ကြောင်းရဲ့ ရည်ရွယ်ချက်က ‌နေပြည်တော်ကောင်စီ နယ်မြေမှာ တိုက်ပွဲတွေ ဖော်ဆောင်‌နိုင် ရေး ဖြစ်ကြောင်း သိရပါတယ်။


ကျားသံလုံးစစ်ကြောင်းဟာ  နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့အရှေ့ဘက်မှာ ဩဂုတ်(၁၀)ရက်ကနေ (၁၄)ရက်အတွင်း  တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ လောက် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


~~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။