စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့ကြောင်း ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ (S.R.F) က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ(၆)ရက်၊ ညနေ(၄)နာရီခွဲလောက်မှာ မင်းကင်းမြို့နယ်၊ မောက္ကထော်ချောင်းရိုး ဒေသသို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) က သွားရောက်တိုက်ခိုက်ခဲ့ရာ ကျောင်းသား ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ကလည်း မင်းကင်းမြို့၊ လမ်းဆုံ လျှပ်စစ်ရုံးမှာ အထိုင်ချထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဒေသခံ PDF တွေ ပူးပေါင်းကာ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
“ကျနော်တို့ ပြောက်ကျားနည်းအတိုင်း မြန်မြန်ဝင်တိုက်ပြီး မြန်မြန်ပြန်ဆုတ်ခဲ့တာ။ စခတွေ အလစ်မှာ ဝင်တိုက်တာဆိုတော့ ဒီကောင်တွေ သေချာတောင် ပြန်မပစ်နိုင်ဘူး”လို့ မင်းကင်းပကဖရဲဘော် တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း Carbine M2 (၁)လက်၊ 5.56 ကျည် ၃၂၆ တောင့်၊ .30ကျည် ၃၃၉ တောင့်၊ MA ကျည်ဘောက် ၅ ခု၊ ဗုံးသီး ၁ လုံး၊ ငွေ ၆၅၄,၉၀၀ကျပ်နဲ့ ဆိုင်ကယ်(၄)စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ကဆိုပါတယ်။
မင်းကင်းမြို့တွင်းတိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ ရင်း၂ ခွဲ(၂)၊ တိမ်လွှာဒေါင်းမင်း(ပ.က.ဖ)၊ မင်းကင်းမြို့နယ်(ပ.က.ဖ)၊ Wolf Fighter နဲ့ LDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး PDF ရဲဘော်တွေ အထိအခိုက် မရှိခဲ့ပါဘူး။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။