Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကန့်ဘလူခရိုင်မှာ တစ်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေဆိုးအကိုက်ခံရပြီး ၂ ဦး တိမ်းပါး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ ဩဂုတ်လအတွင်း စစ်ရှောင်ပြည်သူ ၁၁ဘဦး မြွေဆိုးအကိုက်ခံရပြီး ၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။


ဩဂုတ် ၁ ရက်ကနေ ၃၁ ရက်နေ့အထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တို့မှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦး မြွေဆိုးအကိုက်ခံရခြင်းဖြစ်ပြီး အဲဒီအထဲမှာ အသက် မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် ကလေး ၃ ဦးပါဝင်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


မြွေဆိုးအကိုက်ခံရသူတွေဟာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က (၄)ဦး၊ ချပ်သင်းတိုက်နယ်က (၄)ဦးနဲ့ ကျွန်းလှမြို့နယ်က (၃)ဦးတို့ ဖြစ်ပါတယ်။


 ချပ်သင်းတိုက်နယ်၊ ပင့်သာကြီးကျေးရွာက မောင်ရန်လှိုင်ဝင်း(၂၆နှစ်) ဟာ ထယ်ထိုးရင်း မြွေပွေးအကိုက်ခံရပြီး မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၁၀ လုံးနဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေး ၁၂ လုံးထိုးပေးခဲ့ပေမဲ့ အသက်သေဆုံးခဲ့သလို ပုဏ္ဏားကြီးကျေးရွာက မောင်ပိုင်ဘုန်းခန့်(၁၄နှစ်)ဟာ လည်း  နွားကျောင်းသွားရင်း မြွေကိုက်ခံရပြီး အချိန်မှီဆေးကုသခွင့်မရရှိဘဲ တောထဲမှာသာ သေဆုံးခဲ့ကြောင်း ‌သိရပါတယ်။


ကန့်ဘလူခရိုင်ဟာ အမြဲလိုလို စစ်ကြောင်းထိုးခံရပြီး တိုက်နယ် (၈)ခုအနက် တိုက်နယ် ၇ ခုက ကျေးရွာအတော်များများဟာ စစ်ဘေးအမြဲရှောင်နေရကာ နီးစပ်ရာတောထဲ တဲတိုက်တွေမှာ တဲထိုး နေထိုင်ကြရပါတယ်။ စစ်ရှောင်တွေဟာ ပြေးရင်းရှောင်ရင်း လယ်ယာလုပ်ငန်း လုပ်ကိုင်ကြရာ မြွေဆိုးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး ဆေးကုသမှု အလွယ်တကူ မရကြတာကြောင့်  အသက်ဆုံးရှုံးမှုလည်း  မကြာခဏကြုံတွေ့ကြရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။


~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။